နယ်စပ်တံတိုင်းတည်ဆောက်မှု ကုန်ကျစရိတ်ကိစ္စ ဒေါ်နယ်ထရမ့်နှင့် ပီညာ နီတို တို့ အငြင်းပွား

နယ်စပ်တံတိုင်းတည်ဆောက်မှု ကုန်ကျစရိတ်ကိစ္စ ဒေါ်နယ်ထရမ့်နှင့် ပီညာ နီတို တို့ အငြင်းပွား

 

မေ ၃၀ ။        ။ အမေရိကန်နှင့် မက္ကဆီကိုအကြား နယ်စပ်တံတိုင်း တည်ဆောက်မှုအတွက် ကုန်ကျစရိတ် ကျခံရမည့် ကိစ္စနှင့်စပ်လျင်း၍ နှစ်နိုင်ငံ သမ္မတများဖြစ်ကြသည့် ဒေါ်နယ်ထရမ့်နှင့် ပီညာ နီတို တို့ ယခုအခါ ထပ်မံ အငြင်းပွားခဲ့ကြကြောင်း သိရသည်။

မက္ကဆီကိုနှင့် ထိစပ်နေသည့် တောင်ပိုင်းနယ်စပ်တွင် အဆိုပါ နယ်စပ်တံတိုင်း တည်ဆောက်မှုအတွက် မက္ကဆီကိုတို့ဘက်ကို ကုန်ကျစရိတ် ပေးဆောင်ခိုင်းသွားမည် ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က မေလ ၂၉ ရက်က ပြောဆိုသွားခဲ့သည်။

ဒါ့အပြင် ၎င်းတို့ အမေရိကန်နိုင်ငံတွင်းသို့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်နေသူများ အဆက်မပြတ်ဝင်ရောက်နေမှုအပေါ် ကူညီ တားဆီးပေးခြင်းမရှိသည့်အတွက်လည်း ထရမ့်က မက္ကဆီကို ဘက်ကို အပြစ်ဖို့ ဝေဖန်သွားခဲ့သေးသည်။

ဒေါ်နယ်ထရမ့်၏ အဆိုပါ ပြောဆိုချက်နှင့်ပတ်သက်၍ မက္ကဆီကို သမ္မတကလည်း ချက်ချင်းပဲ ပြန်လည်တုန့်ပြန်သွားခဲ့သည်။ အမေရိကန် သမ္မတ ပြောထားသည့် တံတိုင်းတည်ဆောက်မှု ကိစ္စအတွက် ၎င်း၏ နိုင်ငံဘက်က ဘယ်တော့မှ အကုန်အကျခံပေးသွားမှာ မဟုတ်ကြောင်း သမ္မတ ပီညာ နီတိုက ပြောသွားသည်။

" သမ္မတ ဒေါ်နယ်ထရမ့်၊ နိုးပါ၊ ကျွန်တော်တို့ မက္ကဆီကိုကတော့ တံတိုင်းအတွက် ဘယ်တော့မှ အကုန်အကျခံမှာမဟုတ်ပါဘူး၊ ခုလည်း မပေးပါဘူး၊ နောက်လည်း ဘယ်တော့မှ ပေးမှာမဟုတ်ပါဘူး" ဆိုပြီး မက္ကဆီကို သမ္မတက တွစ်တာကနေတဆင့် တုန့်ပြန်ရေးသားသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly