YBS ၉၅ ယာဉ်လိုင်းသစ်ကို ဇွန်လ ၁ ရက်မှ စတင်ပြီး ကျောက်တန်းမှ ရန်ကုန် ပြေးဆွဲမည်

YBS ၉၅ ယာဉ်လိုင်းသစ်ကို ဇွန်လ ၁ ရက်မှ စတင်ပြီး ကျောက်တန်းမှ ရန်ကုန် ပြေးဆွဲမည်
ဓာတ်ပုံ - Phyo Wai Zaw

 

ရန်ကုန် ၃၀။           ။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင် အဲကွန်းပါ YBS ၉၅ ယာဉ် လိုင်းသစ်ကို ဇွန်လ ၁ ရက်မှ စတင်ပြေးဆွဲမည်ဟု ရွှေတောင်ပိုင်းအများပိုင်ယာဉ်လိုင်းကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာ ဦးတင်ထွန်းက မဇ္ဈိမသို့ ပြောသည်။

YBS ၉၅ယာဉ်လိုင်းသစ်သည် ကျောက်တန်း၊ သန်လျင် (နာရီစင်)၊ သာကေတ (ကျောက်တိုင်)၊ သာကေတ (အဝိုင်း)၊ စျေးလေး၊ တာမွေ (ဗလီ)၊ ကျောက်မြောင်းစျေး၊ အလုပ်သမားဆေးရုံ၊ မင်္ဂ လာစျေး၊ ယုဇနပလာ တို့ကိုပြေးဆွဲသွားမည်ဖြစ်ကြောင်း ရွှေတောင်ပိုင်းအများပိုင်ယာဉ်လိုင်း ကုမ္ပ ဏီမှ သတင်းရရှိသည်။

“ဇွန် ၁ရက်နေ့ မနက် ၄နာရီခွဲကစပြီး ခရီးသည်ပို့ဆောင်ရေး စတင်ပြေးဆွဲပေးမယ်။ ပုံသေ ယာဉ် စီးခ ၂၀၀ကျပ်နဲ့ ပြေးဆွဲမယ်။ ခွင့်ပြုမိန့်ရတာက အဲကွန်းစီးတီးဘတ် အစီး ၃၀နဲ့ စပြီးပြေးဆွဲခွင့်ရ တယ်။ ၁ရက်နေ့က ကျောင်းကလည်းစဖွင့်ပြီ ကားတွေကလည်းအဆင်သင့် ဖြစ်နေပြီဆိုတော့ စ တင်ပြေးဆွဲသွားမယ်” ဟု ဦးတင်ထွန်းကပြောသည်။

YBS ၉၅ယာဉ်လိုင်းသစ်သည် ဇွန်လ ၁ရက်မှ စတင်ကာ ကျောက်တန်းမြို့နယ်မှ နံနက် ၄နာရီ ၃၀ တွင် ဂိတ်စဖွင့် ပြေးဆွဲသွားမည်ဖြစ်ပြီး ညနေ ၆နာရီ ဂိတ်ပိတ်သွားမည်ဖြစ်သည်။ ရန်ကုန်မြို့ တွင် ည ၉နာရီ ဂိတ်ပိတ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျောက်တန်းမှ ရန်ကုန်မြို့တွင်းသို့ မီနီဘတ်စ်ခရီးသည်တင်ယာဉ်များဖြင့် ပြေးဆွဲနေပြီး ကျောက် တန်းနှင့် ရန်ကုန်အကြား အကွာအဝေး ၂၂ မိုင်ခန့် ရှိပြီး ၂ နာရီကြာခန့် ကားစီးရသည့်ခရီးစဉ်ဖြစ် သည်။

ရွှေတောင်ပိုင်း အများပိုင်ယာဉ်လိုင်းကုမ္ပဏီလက်အောက်တွင် ယာဉ်လိုင်းပေါင်း ၁၀လိုင်းပြေးဆွဲ နေပြီး YBS ၃၂၊ YBS ၃၃ တို့မှာ ကျောက်တန်းသို့ ပြေးဆွဲနေပြီး YBS ၃၄ မှာ ခရမ်းသုံးခွသို့ ပြေး ဆွဲနေသည်။

အဆိုပါ ၉၅ ယာဉ်လိုင်းသည် ကျောက်တန်းသို့ပြေးဆွဲနေသည့် ကားလိုင်းများအနက် ပထမဆုံးအဲကွန်း ပါ ဘတ်စ်ကားလိုင်းသစ်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly