MH17 လေယာဉ်ပစ်ချခံရမှု ရုရှားဘက်က တာဝန်ခံရေး ကုလသမဂ္ဂတွင် ဖိအားပေး

MH17 လေယာဉ်ပစ်ချခံရမှု ရုရှားဘက်က တာဝန်ခံရေး ကုလသမဂ္ဂတွင် ဖိအားပေး

မေ ၃၀။           ။ မလေးရှား MH17 လေယာဉ် ပစ်ချခံရမှုဖြစ်စဉ်တွင် တာဝန်ရှိသူအဖြစ် လက်ခံရေး ကုလသမဂ္ဂအစည်းအဝေးတွင် ဖိအားပေးတောင်းဆိုမှုများကို ရုရှားတို့က ပယ်ချသွားခဲ့သည်။

ယခုနောက်ဆုံး စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ လေယာဉ်ကို ပစ်ချမှုတွင် ရုရှားစစ်တပ်၏ ဒုံးကျည်တစ်စင်းကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိ ထုတ်ဖော်ထားခဲ့ပြီးနောက် ယခုအခါ ယင်းကိစ္စနှင့်စပ်လျင်း၍ ရုရှားအပေါ် ဖိအားပေးမှုများ ရှိနေသည်။

မလေးရှားလေယာဉ်ကို ရုရှားလုပ် BUK ဒုံကျည်ဖြင့် ပစ်ချခဲ့သည် ဆိုသည့် တွေ့ရှိချက်များ ရှိထားသည့်အပေါ် လက်ခံသွားရန် ယူကရိန်းတွင် ပြုလုပ်သည့် လုံခြံုရေးကောင်စီ အစည်းအဝေးတစ်ခုတွင် ဒက်ချ် နိုင်ငံခြားရေးဝန်ကြီး စတက်ဖ် ဘလော့ခ်က မော်စကိုဘက်ကို ဖိအားပေးတောင်းဆိုခဲ့သည်။

" ဒီ ဒက်ချ်တို့ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အခြေအမြစ်မရှိတဲ့ သုံးသပ်ချက်တွေကို ကျွန်တော်တို့ဘက်က လက်မခံနိုင်ပါဘူး" ဆိုပြီး ကုလဆိုင်ရာ ရုရှား သံအမတ်ကြီး ဗက်ဆီလီ နီဘန်ဇီယာက ပြောသည်။

သို့သော် ဒက်ချ်နိုင်ငံခြားရေးဝန်ကြီးကတော့ ရုရှား သံအမတ်ကြီး၏ ပြောကြားချက်ကို လက်မခံကြောင်း ပြန်လည် တုန့်ပြန်ပြောကြားသည်။ လက်ရှိအချိန်တွင် မော်စကိုအစိုးရအနေဖြင့် စောဒကတက်ခုခံငြင်းဆန်နေရန် မသင့်တော့ဘဲ နယ်သာလန်၊ သြစတြေးလျတို့နှင့် ပူးပေါင်းပြီး လက်သည်တရားခံများကို ဖော်ထုတ်သင့်ကြောင်း တိုက်တွန်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags