ဆိုင်ကလုန်းအဆင့်သို့ ကူးပြောင်းသွားသော မုန်တိုင်းငယ် မာန်အောင်နှင့်ကျောက်ဖြူကြား ဗဟိုပြု

ဆိုင်ကလုန်းအဆင့်သို့ ကူးပြောင်းသွားသော မုန်တိုင်းငယ် မာန်အောင်နှင့်ကျောက်ဖြူကြား ဗဟိုပြု
ဓာတ်ပုံ-မိုးဇလ

မေလ ၂၉ ။          ။ ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ပြောင်းသွားသည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ မာန်အောင်မြို့၏ အနောက်ဘက်မိုင် (၄၀)ခန့်၊ စစ်တွေမြို့၏ တောင်ဘက် မိုင် (၈၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၅၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

အဆိုပါမုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အလွန်ကောင်းနေကြောင်း မိုးဇလမှ ညနေ မေလ ၂၉ ရက် ညနေ ၄ နာရီ တိုင်းတာချက်အရ ထုတ်ပြန်ထားသည်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က “ဆိုင်ကလုန်းမုန်တိုင်းအဆင့် 48 – 63 knots (55 - 73 mph) ကို ရောက်ရှိနေပြီဖြစ်ပါတယ်” ဟု လူမှုကွန်ယက်မှတဆင့်ပြောဆိုထားသည်။

မုန်တိုင်းနှင့်ပတ်သက်ပြီး “ ရေမိုင်ကို Nautical mile ကုန်းမိုင်ကို mile လို့ ခေါ်ပါတယ်။ nautical mile per jour ကို knot နဲ့ mile per jour ကို mph လို့ခေါ်ပါတယ်။ 1 knot = 1.15 mph ဖြစ်ပါတယ်” ဟု ထပ်မံပြောဆိုထားပါတယ်။

မေလ ၃၀ ရက် မနက်ပိုင်းအထိ တစ်ပြည်လုံးတွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

မေလ ၃၀ ရက် မနက်ပိုင်းတွင် နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် မိုးအသင့်အတင့် ထစ်ချုန်းရွာကာ  ရွာရန်ရာနှုန်းပြည့်၊ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မိုးပြတ်တောင်းရွာပြီး၊ တစ်ခါတစ်ရံ သည်းထန်နိုင် ကြောင်း၊ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မိုးအသင့်အတင့် ထစ်ချုန်းရွာကာ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီးလှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၆ ပေခန့် ရှိနိုင်သည်ဟု သိရသည်။

မုန်တိုင်းကြောင့် မေလ ၃၁ ရက်အထိ  မုတ်သုံလေ အားကောင်းနေမည်ဟု မိုးဇလမှ ခန့်မှန်းထားမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly