ဆယ်တန်းအောင်စာရင်းထွက်ခါနီး ရွှေသိမ်တော်ဘုရားတွင် ဖူးမျှော်သူများဖြင့် စည်ကား

ဆယ်တန်းအောင်စာရင်းထွက်ခါနီး ရွှေသိမ်တော်ဘုရားတွင် ဖူးမျှော်သူများဖြင့် စည်ကား

ကျောက်ဆည် မေ ၂၉ ။           ။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် သင်တောင်းကြီးကျေးရွာ သစ္စာပြုအဓိဋ္ဌာန်အောင် မဟာရွှေ သိမ်တော်မြတ်စွာဘုရားတွင် အုန်းငှက်ပျောပွဲ  ဆက်ကပ်လှူဒါန်းကြသူများဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။

မဟာရွှေသိမ်တော်မြတ်စွာဘုရားတွင် ဆုတောင်းအဓိဋ္ဌာန်ပြုပါက အဓိဋ္ဌာန်အောင်မြင်သည်ဟု ယုံကြည်ကြ ပြီး ဆယ်တန်းစာမေးပွဲဖြေဆိုထားကြသည့် ကျောင်းသားကျောင်းသူများ ကျောင်းသားမိဘများနှင့် အခြားလိုရာ အဓိဋ္ဌာန်ပြုပြီး လာရောက်ဖူးမျှော်ကြသူများလည်း ရှိနေသည်။

ငှက်ပျောသုံးဖီး ကန်တော့ပွဲတစ်ပွဲလျှင် သုံးထောင်ကျပ် ၊ ငါးဖီးတစ်ပွဲလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူပူဇော် ကန်တော့ကြပြီး ဘုရားအနောက်ဘက်မုခ်ရင်ပြင်တစ်ခုလုံး ပြည့်လျှံနေအောင် လာရောက်ပူဇော်နေကြကြောင်း တွေ့ရသည်။

"နေ့တိုင်းလိုလို ဒီအတိုင်းပါပဲ ။ ခု စာမေးပွဲနီးတော့ ပိုပြီးစည်ကားလာတာ"ဟု ကန်တော့ပွဲရောင်းသူ မသဇင်ဦးက မဇ္ဈိမသို့ ပြောသည်။

တစ်နေကုန် ပူဇော်ကန်တော့သောပန်းများအား ညနေပိုင်းစွန့်ပစ်သောအခါ ကားကြီးတစ်စီး မကအောင် များပြားကြောင်း၊ ဆယ်တန်းအောင်စာရင်း မထွက်ပြီးမချင်း လာရောက်ဖူးမျှော် အဓိဋ္ဌာန်ပြုသူများဖြင့် စည်ကားနေအုံးမည်ဖြစ်ကြောင်း ဘုရားရှိ အုန်းပွဲငှက်ပျောပွဲရောင်းသူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly