၂၀၁၈ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်း ၅၀ ရာ ခိုင်နှုန်းခန့် ရပ်တန့်သွားဟုဆို

၂၀၁၈ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်း ၅၀ ရာ ခိုင်နှုန်းခန့် ရပ်တန့်သွားဟုဆို

 

မေ ၂၉။                 ။ ၂၀၁၅ ခုနှစ်မှစတင်၍ ဆောက်လုပ်ရေးလုပ်ငန်းများ တဖြည်းဖြည်းကျဆင်းလာပြီး ၂၀၁၈ခု နှစ်၌ ရန်ကုန်အပါအဝင် အခြားပြည်နယ်နှင့်တိုင်းများတွင် ဆောက်လုပ်ရေးလုပ်ငန်း ၅၀ရာခိုင်နှုန်းခန့် ရပ်တန့်သွားကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEA)မှ သိရသည်။

၂၀၁၆ခုနှစ် အစိုးရသစ် အပြောင်းအလဲဖြစ်ချိန်တွင် ဘက်ဂျက်မရှိသည့်အတွက်ကြောင့် တစ်နိုင်ငံလုံး တွင်ဆောက်လုပ်ရေးနှင့် ပတ်သတ်သော တင်ဒါများ မရှိခဲ့ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ် ငန်းရှင်များအသင်းချုပ် (MCEA) ဒုတိယဥက္ကဌ ဦးရှိန်ဝင်းကပြောသည်။

မေလ ၂၇ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (၁၈)ကြိမ် မြောက်အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေး အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဆောက်လုပ်ရေးလောကဟာ အရမ်းနိမ့်ကျလာတာကိုတွေ့ရပါတယ်။ ၂၀၁၅ခုနှစ်ကစပြီး ကျွန်တော် တို့ ဆောက်လုပ်ရေးလောက တဖြည်းဖြည်းကျဆင်းလာပါတယ်။ ၂၀၁၆မှာ နှေးကွေးလာပါတယ်။ ၂၀၁၇မှာ အေးစက်သွားပြီးတော့ ၂၀၁၈မှာ တစ်ချို့ဆို ရပ်တန့်သွားပြီးဖြစ်ပါတယ်။ အဲဒီရဲ့ အခြေခံအ ကြောင်းတရားတွေကတော့ ၂၀၁၆ အစိုးရသစ်အပြောင်းအလဲလုပ်တဲ့အချိန်မှာ ဘက်ဂျက်မရှိတဲ့အ တွက်ကြောင့် တစ်နိုင်ငံလုံးမှာ ဆောက်လုပ်ရေးနဲ့ပတ်သတ်တဲ့တင်ဒါတွေ လုံးဝမရှိခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိ ရန်ကုန်တိုင်းတွင်လည်း အစိုးရမှ အကြောင်းအမျိုးမျိုးကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သတ်၍ အားပေးမှုနည်းခဲ့သည့်အတွက် ဆောက်လုပ်ရေးကဏ္ဍပိုပြီး ကျဆင်းခဲ့ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ်၌ အစိုးရမှ ဆောက်လုပ်ရေးနှင့် ပတ်သတ်၍တင်ဒါများပေးနိုင်ခဲ့ သော်လည်း ပုဂ္ဂလိကကဏ္ဍတွင်လုပ်နိုင်ဆောင်ခြင်းမရှိသေးကြောင်း သိရသည်။ ဆောက်လုပ်ရေး ကဏ္ဍတွင် နိုင်ငံတော်၏ဆောက်လုပ်ရေးစီမံကိန်းများနှင့် ပုဂ္ဂလိကမှ ဆောက်လုပ်ရေးစီမံကိန်းများပါ တိုးတက်မှုရှိမှသာ ဆောက်လုပ်ရေးကဏ္ဍမြင့်တက်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပုဂ္ဂလိကဆောက်လုပ်ရေးကဏ္ဍတိုးတက်ရန် ၀င်ငွေခွန်ကိစ္စရပ်များ၊ ဘဏ်တိုးနှုန်းလျော့ကျအောင် လုပ်ဆောင်ရမည့်အချက်များကို လွတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့များနှင့်   တွေ့ဆုံဆွေးနွေးပြီး   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEA)က အသိပေးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly