မန္တလေးတိုင်းဒေသကြီး စွန်ရဲအင်း ပြန်လည်တူးဖေါ်ရေးအဆိုကို လွှတ်တော်ပယ်ချ

မန္တလေးတိုင်းဒေသကြီး စွန်ရဲအင်း ပြန်လည်တူးဖေါ်ရေးအဆိုကို လွှတ်တော်ပယ်ချ

မေ၂၉ ။              ။ ၂၀၁၈-၂၀၁၉ ပထမ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီး စွန်းရဲအင်းပြန်လည်တူးဖော်ရန်အတွက် ကျပ်သိန်း ၃၁၁၁၀ ထည့်သွင်းတောင်းဆိုခဲ့မှုအပေါ် လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး ပယ်ချလိုက်ပါတယ်။

အဲဒီစီမံကိန်း မဲခွဲဆုံးဖြတ်ပြီး ရှုံးနိမ့်ခဲ့မှုအပေါ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က"ဒီစွန်ရဲအင်းနဲ့ပတ်သက်လို့ ပထမအကြိမ်တုန်းကလည်း ပယ်ဖျက်ခံရတယ်။ အခုဒုတိယနှစ်လည်း ပယ်ဖျက်ခံရတယ်။အဲဒီစွန်ရဲအင်းဟာ ပြဿ နာအကြီးကြီးပါ။ကျွန်တော်တို့အတွက်တော့ ပြဿ နာအကြီးကြီးပဲ။စိန်ခေါ်မှု။ ထွန်တုံးတိုက်ပွဲတွေရှိတယ်။ စိုက်ပျိုးမြေရရှိရေးအတွက် တောင်းခံတာတွေရှိတယ်။ဒီဟာက ကျွန်တော်တို့အနေနဲ့ ဒါကိုဆောင်ရွက်ပေးဖို့အချိန်တန်ပြီထင်လို့။အခုတော့ဖြတ်ပြီ။ပြဿ နာတော့မရှိပါဘူး။ဘာကြောင့်မရှိလဲ ဒါက လွှတ်တော်ရဲ့ကျင့်သုံးမှုဖြစ်ပါတယ်"လို့ပြောပါတယ်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဝန်ကြီး ဒေါက်တာစိုးသန်းကလည်း"စွန်ရဲအင်းဟာ ခေတ်အဆက်ဆက်အနိုင်ကျင့်ခံခဲ့ရပါတယ်။ လက်ရှိစွန်ရဲအင်းရဲ့ ရေအနက်က   နှစ်ပေ။သုံးပေလောက်ပဲရှိပါတယ်။ဒီစိုက်ပျိုးရေလောက်နဲ့ ဧက ၃၀၀၀ကျော်ပေးဖို့မလုံလောက်ပါဘူး။ဒါကြောင့် ပြန်လည်တူးဖော်ဖို့ လိုအပ်ပါတယ်"လို့ပြောပါတယ်။

စွန်ရဲအင်းစီမံကိန်းကို ကန့်ကွက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ကတော့ ပြည်သူ့ဘဏ္ဍာငွေ မဆုံးရှုံးစေဖို့အတွက် ကန့်ကွက်ခဲ့တာလို့ တစ်ညီတစ်ညွှတ်တည်းဆိုကြပါတယ်။

လတ်တလောမှာတော့ အဲဒီဒေသမှာ စိုက်ပျိုးရေးနဲ့နှစ်ရှည် ဥယျာဉ်ခြံတွေ အဆင်ပြေနေကြတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုကြပေမယ့်လည်း နယ်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းကတော့ အမှန်တကယ်ဒေသခံများ အဆင်ပြေမှုမမရှိသလို စွန်ရဲအင်းကို ပြန်လည်တူးဖော်စေချင်တယ်လို့လည်း ဆိုပါတယ်။

အဲဒီစီမံကိန်းကို မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၂၁မဲ၊ကြားနေမဲ ၂ မဲနဲ့ကန့်ကွက်မဲ ၄၅ မဲနဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly