ချန်ပီယံလိဂ်တွင်အမှားလုပ်ခဲ့သည့် ကေးရီးယက်စ် ပြည်ပသို့ပြောင်းနိုင်ဖွယ်ရှိဟုဆို

ချန်ပီယံလိဂ်တွင်အမှားလုပ်ခဲ့သည့် ကေးရီးယက်စ် ပြည်ပသို့ပြောင်းနိုင်ဖွယ်ရှိဟုဆို

 

မေ ၂၉၊ လီဗာပူးလ်။                           ။ လီဗာပူးလ်ဂိုးသမား လိုရစ် ကေးရီးယက်စ်သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲအမှားများကို ဖြေဖျောက်နိုင်ရန် ပြည်ပသို့ပြောင်းနိုင်ဖွယ် ရှိသည်ဟု အင်္ဂလန်ဂိုးသမားဟောင်း ရောဘတ်ဂရင်းက ပြောသည်။

အသက် ၂၄ နှစ်အရွယ် ဂျာမန်ဂိုးသမား၏ အမှားနှစ်ခုက ရီးယဲလ်မက်ဒရစ်အသင်း ၃-၁ ဂိုးဖြင့်အနိုင်ရအောင် အထောက်အကူ ဖြစ်စေခဲ့သည်။

ပွဲအပြီးတွင် ကေးရီးယက်စ်သည် ပရိသတ်ကို မျက်ရည်များဖြင့်တောင်းပန်ခဲ့သည်။ “တကယ်လို့ သူ ဂျာမနီကိုပြန်သွားမယ် ဆိုရင်တော့ မေ့နိုင်စရာမရှိဘူး။ ဒါပေမဲ့ ပရိသတ်ရဲ့အာရုံတော့   လျော့သွားနိုင်တယ်။

ပရိသတ်အာရုံထဲကနေ စွန့်ခွာတာက ဆိုးတဲ့အရာတော့ မဟုတ်ပါဘူး။ ပြည်တွင်းလိဂ်မှာထက် ပြည်ပမှာကစားရတဲ့ပြိုင်ပွဲကို ပရိသတ်ကပိုပြီး စိတ်ဝင်စားတတ်ကြပါတယ်”ဟု ဂရင်းက ပြောသည်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမေရိကန်နှင့် တစ်ဂိုးစီသရေကျခဲ့သည့်ပွဲ၌ အမှားကျူးလွန်ခဲ့မိသည့် မိမိအနေဖြင့် ကျော်ဖြတ်ရခက်သည့်ကာလနှင့်ရင်ဆိုင်ခဲ့ရကြောင်းလည်း ဂရင်းကဆိုသည်။

“၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မှတ်မိသေးတယ်။ ကျွန်တော့်အတွက် ပရီးမီးယားလိဂ်ကနေ ပြည်ပထွက်ကစားရတဲ့ ပထမဆုံးပွဲ ဖြစ်ပြီး ကျွန်တော်ဘောလုံးရတိုင်း ပရိသတ် ၃ သောင်းလောက်က ဝီစီမှုတ်နေကြတယ်။

ကေးရီးယက်စ်အတွက် ကံမကောင်းတာက ပွဲတွေရဲ့တစ်ဝက်လောက်က ပြည်ပမှာကစားရတာဖြစ်ပြီး ဒီနွေရာသီက သူ့အတွက် တာရှည်တဲ့ရာသီတစ်ခုဖြစ်တော့မှာ သေချာပါတယ်။

အမှားတွေဆိုတာ တချိန်လုံးဖြစ်ပေါ်တတ်ပြီး ဂိုးသမားကျူးလွန်တဲ့အမှားတွေဆိုရင် ပိုပြီးထင်ထင်ရှားရှားဖြစ်တတ်တယ်။ လက်ရှိမှာသူခံစားနေရပေမယ့် အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဂရင်းက ပြောသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly