လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင်များထဲတွင် လယ်သိမ်းမြေသိမ်းသူများပါဝင်ဟု ဆို

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင်များထဲတွင် လယ်သိမ်းမြေသိမ်းသူများပါဝင်ဟု ဆို

 

မေလ ၂၈ ။               ။ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများ၏ အဖွဲ့ဝင်များတွင် လယ်သိမ်းမြေသိမ်းသူများ ပါဝင်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ၊ ကန်ကြီးထောင့်မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်ဦးစိုးမိုးထွန်းက ပြောသည်။

ကော်မတီဝင် အချင်းချင်း လေးစားလိုက်နာအပ်သော ကျင့်ဝတ်များ ချိုးဖောက်နေမှု အပေါ့အရေးယူဆောင်ရွက်ပေးရန်နှင့် ကော်မတီဝင်များထဲ လယ်သိမ် ယာသိမ်းသူများ ပါဝင်နေပြီး အဂတိလိုက်စားမှူ အခြေအနေမှန်များကို အရေးတကြီးကိစ္စအဖြစ် ပြန်လည်စိစစ်ရွေးချယ်ပေးရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုအား ကန်ကြီးထောင့်မြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဦးစိုးမိုးထွန်းက တိုင်းလွှတ်တော်တွင် တင်သွင်းခဲ့သည်။

" ကန်ကြီးထောင့်မြို့နယ်၊ဒါးကတိုက်နယ်တွင်းရှိ ဆိတ်သာကျေးရွာအုပ်စုနှင့် ဘုရားချောင်းကျေးရွာအုပ်စုမှ သိမ်းဆည်းခံရသည့်လယ်မြေများနှင့်ပတ်သက်ပြီး တိုင်ကြားမှုကို ကော်မတီအဖွဲ ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်စိစစ်ဆောင်ရွက်ပြီးအပေါ်မှာ စိစစ်တွေ ့ရှိချက်၊ သုံးသပ်ချက် ၊ အကြံပြုချက်များကို ကော်မတီအဖွဲ ့ဝင်များနှင့်အတူ ဆွေးနွေးညှိနှိုင်းရေးသားရန်အတွက် သက်ဆိုင်ရာကော်မတီဥက္ကဋ္ဌများကို အကြောင်းကြားတဲ့အခါ စိစစ်တွေ ့ရှိချက်၊သုံးသပ်ချက်၊အကြံပြုချက်များကို   ရေးသားပြီးမြို့နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေး ကော်မတီသို ့  တင်ပြပြီးစီးသွားကြောင်း အကြောင်းပြန်ပါတယ်”ဟု ကန်ကြီးထောင့်မြို့နယ်ကိုယ်စားလှယ်က ပြောသည်။

ထို့ပြင် အဆိုပါကော်မတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်က ပါဝင်ဆောင်ရွက်ခြင်းကို မနှစ်မြို့ကြောင်း ဦးစိုးမိုးထွန်းက ပြောသည်။

" ကျွန်တော်အနေနဲ ့သုံးသပ်တင်ပြရလျှင် ကော်မတီအဖွဲ ့ဝင်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ပါ၀င်မှုကို မနှစ်မြို့ခြင်း၊လယ်ယာမြေသိမ်းဆည်းခံရသော တောင်သူများ၏တိုင်ကြားမှုအပေါ်ကျွန်တော် သဘောထားမှတ်ချက်ရယူမှုမပြုလိုခြင်း၊မြို့နယ်မြေစစ်သို ့တင်ပြထားမှုတွင် ကျွန်တော်၏ လက်မှတ်မပါ၀င်ခြင်း၊မြေပြင်အခြေအနေမှန်ကို ဖုံးကွယ်ထားလိုခြင်း၊ကော်မတီအဖွဲ ့ဝင်အချင်းချင်း ထားရှိရမည် ကျင့်ဝတ်ကိုဖောက်ပြန်ခြင်း၊ တို့တွေရှိကြောင်း တင်ပြလိုပါတယ်" ဟု ကိုယ်စားလှယ်က အဆိုနှင့်ပတ်သက်ပြီးဆက်လက်တင်ပြဆွေးနွေးခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၊ဒါးကတိုက်နယ်အတွင်းမှာရှိသာ လယ်ယာမြေများကို နာမည်ကြီးကုမ္ပဏီကြီးတစ်ခုက မူလလက်ငုတ်တောင်သူများထံမှ အကြောင်းမဲ့သိမ်းဆည်းခဲ့ပြီး အကျိုးတူတူလူတစ်စုနှ ယူနစ်အလိုက် ခွဲဝေစိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည်ဟု ဆိုသည်။

ကုမ္ပဏီကြီးက လယ်ယာမြေများကို စွန့်လွှတ်သွားခဲ့ပြီးဆိုပေမယ် မူလလက်ငုတ်တောင်သူများသို့ စွန့်လွှတ်ခဲ့ခြင်း မဟုတ်ဘဲ အကျိုးတူလူတစ်စုကို စွန့်ကြဲပေးကမ်းခဲ့ခြင်းဟု လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

"လယ်ယာမြေသိမ်းထားလို့ အတိုင်ခံရသူတွေထဲမှာ ရပ်ကျေးမြေစစ်ဥက္ကဋ္ဌနဲ့ တောင်သူလယ်သမားရေးရာ လူမှုအထောက်အကူပြုအဖွဲ့ဝင်တွေပါနေပါတယ် ။ ရပ်ကျေးမြေစစ်ကော်မတီဝင်များကိုယ်တိုင် အမှုတွဲမှာ အစစ်ခံ အဆေးခံနေကြတဲ့ အနေအထားမျိုးမှာ ရလာဒ်က ရှင်းပါတယ်”ဟုကန်ကြီးထောင့်မျိုးနယ်တိုင်းဒေသကြီးကိုယ်စားလှယ်မြေစစ်ကော်မတီများနှင့် ပတ်သက်ပြီး အဆိုတွင်ထောက်ပြဝေဖန်ခဲ့သည်။

အဂတိလိုက်စားမှု အခြေအနေမှန်များကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ ့မှ ပြတ်ပြတ်သားသား ဖော်ထုတ်အရေးယူဆောင်ရွက်သွားနိုင်ရေး တိုက်တွန်းကြောင်း အဆိုကို ကန်ကြီးထောင့်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုးမိုးထွန်းက တင်သွင်းခဲ့သည်။

အဆိုအား ပန်းတနော်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ဦးသန့်ဇင်ထွန်းက ထောက်ခံ ဆွေးနွေးခဲ့ပြီး၊တိုင်းအစိုးရ တိုင်းလွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန်ထောက်ခံခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်တွင်ဆက်လက်ဆွေးနွေးရန် သဘောတူဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly