ဆယ်ကျော်သက်အရွယ် မိုနာကိုတိုက်စစ်မှူး မာရှယ်ကို မန်ယူအသင်းပေါင် ၃၆ သန်းဖြင့်ကမ်းလှမ်း

ဆယ်ကျော်သက်အရွယ် မိုနာကိုတိုက်စစ်မှူး မာရှယ်ကို မန်ယူအသင်းပေါင် ၃၆ သန်းဖြင့်ကမ်းလှမ်း

သြဂုတ် ၃၁၊ မန်ချက်စတာ ။          ။ မန်ယူအသင်းသည် ဆယ်ကျော်သက်အရွယ် မိုနာကိုတိုက်စစ်မှူး အန်ထော်နီမာရှယ်အတွက် ပေါင် ၃၆ သန်းဖြင့်ကမ်းလှမ်းရန် မိုနာကိုအသင်းနှင့်ဆွေးနွေးမှုစတင် လိုက်သည်။

ယင်းမှာ လေဗာကူဆင်အသင်းသို့ ပေါင် ၁၂ သန်းဖြင့် ဟာနန်ဒက်ဇ်ပြောင်းရွှေ့သွားပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မိုနာကိုအသင်း သည် အရည်အသွေးမြင့်မားသည့် မာရှယ်ကိုရောင်းချရန် ဆန္ဒမရှိ သဖြင့် မန်ယူအသင်း၏ကမ်းလှမ်းမှုကိုလက်မခံရသေးသော်လည်း ဆွေးနွေး မှုများ ဆက်လက်ပြုလုပ်ဖွယ်ရှိနေသည်။

မိုနာကိုအသင်း အပြောင်းအရွှေ့များ၏တာဝန် ရှိသူတစ်ဦးဖြစ်သော လူးဝစ်ကမ်ပိုက စုံးစမ်းမှုကိုလက်ခံ ရရှိထားသော်လည်း မာရှယ်သည်ရောင်း ရန်မဟုတ် ဟုပြောသည်။

အွန်နရီ၏ကစားပုံနှင့်နှိုင်းယှဉ်ခံနေရသည့် က် ၁၉ နှစ်အရွယ် မာရှယ်သည် တနင်္ဂနွေညက ပီအက်စ်ဂျီနှင့်ပွဲတွင် မိုနာကိုအသင်း၌ ပါဝင်ကစား ခဲ့သေးသည်။

မာရှယ်ကို စပါးအသင်းက နွေရာသီအပြောင်းအရွှေ့အစောပိုင်းကာလအတွင်းပေါင် ၁၉ သန်းဖြင့်ကမ်းလှမ်းခဲ့သော်လည်းပယ်ချခံခဲ့ရပြီး ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားနေသည်။

မန်ယူအသင်းသည် ယခုနှစ်ပရီးမီးယားလိဂ်ပထမဆုံးရှုံးပွဲအဖြစ် တနင်္ဂနွေနေ့တွင် ဆွမ်ဆီးကို အဝေးကွင်း၌ ၂-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ မန်ယူအ သင်း၏ စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး မန်ယူကစား သမားဟောင်း ဂယ်ရီနဗီးလ်က နည်းပြဗန်ဟားလ်အနေဖြင့် အပြောင်းအရွှေ့မပိတ်မီ ဂိုးသမား၊ နောက်ခံလူနှင့် တိုက်စစ်မှူးသစ်တစ်ဦးစီခေါ်ယူရန်လိုအပ်သည်ဟု ထောက်ပြသုံးသပ်ခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly