Huawei P20 Pro Review

Smartphone Photography လောကကို လှုပ်ခါလိုက်နိုင်တဲ့ Huawei P20 Pro ကို အသုံးပြုပြီး နာမည်ကြီး ဓာတ်ပုံဆရာ တစ်ဦးဖြစ်တဲ့ Han Chong ကနေပြီးတော့ သူရဲ့ ဂျပန်ပြည် ခရီးစဉ်အတွင်းမှာ Huawei P20 Pro ရဲ့ ဘယ်လို လုပ်ဆောင်ချက်တွေကို အသုံးပြုပြီး အမှတ်တရတွေ ရိုက်ကူးနိုင်ခဲ့သလဲဆိုတာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ AI ပံ့ပိုးထားတဲ့ Huawei P20 Pro ဟာ ဓာတ်ပုံပညာကို တတ်ကျွမ်းတဲ့ သုံးစွဲသူတွေ အတွက် ဖြစ်စေ၊ မတတ်ကျွမ်းတဲ့ သူတွေ အတွက် ဖြစ်စေ ၊ နှစ်မျိုးစလုံးအတွက် သင့်တော့်တဲ့ ဖုန်းတစ်လုံးဖြစ်တယ်ဆိုတာ မငြင်းနိုင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

Huawei P20 pro ရဲ့ ထူးခြားတဲ့ အချက်တွေထဲကတစ်ချက်ကတော့ camera ရဲ့image sensor size ဖြစ်ပါတယ်။ အခုလိုမျိုးကြီးမားတဲ့ image sensor(ပုံရိပ်​ဖမ်​း အာရုံခံကရိယာ) ကိုပါးလွာတဲ့ smart phone ရဲ camera ထဲမှာ ဘယ်​လို​ပေါင်​းစပ်​ထုတ်​လုပ်​ထားလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အခုလို ကြီးမားတဲ့ Image Sensor ပါဝင်မှုက အရည်အသွေး ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တဲ့ အကြောင်းအရာတွေက တစ်ခုဖြစ်ပါတယ်။

P20 pro မှာ 27mm မှန်​ဘီလူးကို အသုံးပြုထားပြီး optical zoom 3ဆ နှင်​့ hybrid zoom 5ဆ ထိ ရိုက်​လို့ရတဲ့အပြင်​ ခလုတ်​ တစ်​ချက်​နှိပ်​ လိုက်​ရုံနဲ့ အသုံးများတဲ့ focal length အရှည်​ 27mm, 81mm နှင်​့ 135mm ဆိုပြီးသုံးမျိုးကိုအလွယ်​တကူ​ပြောင်​းလဲအသုံးပြုနိုင်​ပါတယ်​။

ဒါ့အပြင် Huawei P20 Pro ရဲ့ သာလွန်တဲ့ အချက်အလက်တွေထဲက တစ်ခုကတော့ Night Shot Mode နဲ့ AI Assistance ပါဝင်ခြင်းဖြစ်ပါတယ်။ P20 Pro နဲ့ ညဖက်အလင်းရောင်အားနည်းတဲ့ အချိန်တွေမှာ Tripod မသုံးဘဲ ဓာတ်ပုံရိုက်တဲ့ အခါ Night View Mode မှာပါဝင်တဲ့ Long Exposure လုပ်ဆောင်ချက်ကြောင့် အချိန် 4 – 6 Seconds ကြာတဲ့အထိအသုံးပြုနိုင်ပါသည်။ ဒါ့အပြင် ဓာတ်ပုံရိုက်ပြီးပြီးခြင်း ပထမ ၁ စက္ကန့်လောက်ဘဲ လက်ငြိမ်ပြီး နောက်မှာ တုန်လှုုပ်မှု အနည်းငယ်ရှိခဲ့ရင်လည်း ကြည်လင်တဲ့ ဓာတ်ပုံတစ်ခုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ P20 Series မှာ ပါဝင်တဲ့ AI နည်းပညာကြောင့် အခုလို Night View Mode ကို ကောင်းမွန်စွာ ထောက်ပ့ံအသုံးပြုနိုင်နေတာလို့ ပြောရင်လည်း မမှားပါဘူး။

P20 Series AI နည်းပညာက လက်ဖြင့် ဓာတ်ပုံရိုက်သောအခါ တုန်လှုုပ်မှု အနည်းငယ်ရှိသလား၊ မရှိဘူးလား ဆိုတဲ့ အခြေအနေကို ခွဲခြားပေးနိုင်ပါသည်။ အကယ်၍ တုန်လှုပ်မှုရှိခဲ့ပါက 4 – 6 Seconds Exposure Program ကို အလိုအလျာက် ရောက်ရှိသွားပြီး တစ်ချိန်တည်းမှာဘဲ multi-frame shooting နှင့် Synthesis Process ကို ၀င်ရောက်စေမှာဖြစ်ပါတယ်။ အဲ့ဒီ Process အတွင်းမှာ AI ကနေပြီးတော့ ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံရဲ့ အရွယ်အစား ၊ Material မှန်ကန်မှူ၊ ကြည်လင်မှု ၊ အလင်းအမှောင် တွေကို အလိုအလျောက် ခွဲခြမ်းစိတ်ဖြာသွားပြီး  လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်ပေးပြီး လှပကြည်လင်တဲ့ ဓာတ်ပုံကိုရရှိစေမှာဖြစ်ပါတယ်။

အကယ်၍ လက်နှင့်ကိုင်ပြီးရိုက်တာမဟုတ်ဘဲ သတ်မှတ်ထား သော တည်ငြိမ်မှု အတိုင်းအတာအတွင်း ရှိခဲ့ပါက Night View Mode ကို ၃၂ စက္ကန့်အထိကြာမြင့်တဲ့ Exposure ကို အသုံးပြုနိုင်မယ့် လုပ်ဆောင်ချက်ကို အလိုအလျှောက် ရောက်ရှိအသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ ဒီလိုဖြစ်ခြင်းအားဖြင့် Lower Sensitivity ကိုအသုံးပြုနိုင်ပြီး ပိုမိုကြည်လင်တဲ့ ညဖက်ပုံရိပ်ကိုရရှိစေမှာဖြစ်ပါတယ်။

P20 Pro ရဲ့နောက်ထပ်စိတ်ဝင်စားရာကောင်းတာတစ်ခုကတော့ Master AI ပါ၊ Photo mode ထဲမှာ ၀င်ပြီးရွေးလို့ရပါတယ်။ လောလောဆယ်မှာတော့ P20 series ရဲ့ AI နည်းပညာ မှာ မတူညီတဲ့ category ၁၉မျိုးကိုခွဲခြားပေးနိုင်ပါတယ်။ မတူညီတဲ့ အမျိုးအစား တစ်ခုစီကို ခွဲခြားနိုင်ဖို့အတွက် ဓါတ်ပုံပေါင်းထောင်သောင်းများစွာကနေ လေ့လာသင်ယူခဲ့ရပါတယ်။ အဲ့ဒီကနေမှ သက်ဆိုင်ရာအမျိုးအစား ကိုအလိုအလျောက်လျှင်မြန်စွာပြောင်းလဲပေးနိုင်တာဖြစ်ပါတယ်။ ဥပမာပြောရရင် : ဓါတ်ပုံရိုက်တဲ့အခါ မျက်နှာပုံပါလာရင် ကင်မရာကနေ portrait mode ကိုအလိုအလျောက်ပြောင်းလဲပေးလိုက်ပါတယ်။ တစ်ချိန်ထဲမှာပဲ မျက်နှာကိုပိုမိုလှပပေါ်လွင်အောင် background ကိုလည်း ၀ါးပေးလိုက်ပြီး ပတ်ဝန်းကျင်ရဲ့ အလင်းအမှောင်ကိုလိုက်ပြီး မျက်နှာပြင်ရဲ့ အလင်းရောင်ကိုလဲ ချိန်ညှိပေးနိုင်မှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ အစားအသောက်တွေကို ဓါတ်ပုံရိုက်တဲ့အခါ ကင်မရာကနေ Good Food Mode ကိုအလိုအလျောက်ပြောင်းပေးပြီး brightness, saturation နဲ့ contrast တွေကိုလဲ အတိုင်းတာတစ်ခုထိ မြှင့်တင်ပေးလိုက်တဲ့နောက်တော့ ဓါတ်ပုံဟာအရမ်းကိုလှပပြီး အသက်ဝင်သွားပါတယ်။ အဲလိုရိုက်ထွက်လာတဲ့ပုံတွေဟာ ယျေဘူယျအားဖြင့် ပြင်စရာမလိုတော့ဘဲနဲ့ မိမိတို့ အသုံးပြုနေတဲ့ လှုမှုကွန်ရက် အပလီကေးရှင်းတွေမှာ တစ်ခါတည်း အသုံးပြုစေနိုင်မှာဖြစ်ပါတယ်။ အဆိုပါ လုပ်ဆောင်ချက်ကြောင့် သာမန်ဖုန်းသုံးစွဲသူ တစ်ဦးကနေပြီးတော့ လှပပြီး အသက်ဝင်တဲ့ ဓာတ်ပုံတွေ ရရှိဖို့ကို Click တစ်ချက်နှိ်ပ်ဖို့သာ လိုအပ်မှာဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ဦးအနေနဲ့ ဆိုရင်လည်း မိမိတို့ ​စိတ်​ကြိုက်​ချိန်​ညှိပြီး ရိုက်ကူးစေနိုင်မယ့်​ Professional mode ရှိပါတယ်​။ 

Huawei P20 Pro အား ဓာတ်ပုံပညာ ကို တက်ကျွမ်းသူဖြစ်စေ၊ မတတ်ကျွမ်းတဲ့သူ ဖြစ်စေ ၊ နှစ်ဦးစလုံးအတွက် အဆင်ပြေစေမယ့် DSLR အစားထိုး ဖုန်းတစ်လုံးလို့လဲ ဆိုနိုင်မှာဖြစ်ပါတယ်။

Original Link : https://mp.weixin.qq.com/s/5t5oGXLxVK8c-kjlmetWOQ
The photos can be taken from there also.

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly