ဆောက်သမ်တန်အသင်းမှ ထွက်ခွာခွင့်ရရန် ဝမ်ယာမာတောင်းဆို

ဆောက်သမ်တန်အသင်းမှ ထွက်ခွာခွင့်ရရန် ဝမ်ယာမာတောင်းဆို

သြဂုတ် ၃၁၊ ဆောက်သမ်တန် ။            ။ ဗစ်တာဝမ်ယာမာသည် ဆောက်သမ်တန်အသင်းမှထွက်ခွာခွင့်ရရန် တောင်းဆိုခဲ့ပြီး နည်းပြရော်နယ်ကိုးမန်းကမူ ယင်းကွင်းလယ် ကစားသမား မှာရောင်းရန် မဟုတ်ဟု ပြောဆိုလိုက်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဝမ်ယာမာသည် နည်းပြကိုးမန်း၏ပြောဆိုချက်အရ ပွဲကစားရန်စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ရှိသည်ဟုဆို ကာ နော့ဝှစ်ချ်ကို ၃-၀ ဂိုးဖြင့်နိုင်သည့်ပွဲ၌ ချန်လှပ်ခံခဲ့ရသည်။

"သူဒီလိုဆက်လုပ်နေရင် သူ့အနာဂါတ်နဲ့ကစားနေသလိုဖြစ်နေမယ်"ဟု ကိုးမန်းက ဖြည့်စွက်ပြောဆိုသည်။ မန်ယူအသင်းနှင့်သတင်းထွက်နေ သော တိုက်စစ်မှူးဆာဒီယိုမန်နီသည် လည်းရောင်းရန် မဟုတ်ဘဲဆောက်သမ်တန်တွင် မည်သည့်ကစားသမား မှရောင်းရန်မဟုတ်ဟု ကိုးမန်း ကပြောဆိုထားသည်။

ဆောက်သမ်တန်အသင်းသည် တနင်္ဂနွေနေ့တွင် ပယ်လီ၊ တာဒစ်တို့၏သွင်းဂိုးများဖြင့် ၁၀ ယောက်ကျန်နော့ဝှစ်ချ်ကိုအနိုင်ယူကာ လက်ရှိရာသီ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲရရှိခဲ့သည်။

၂၀၁၃ တွင်အသင်းသို့ရောက်လာသည့် ဝမ်ယာမာသည် ပြီးခဲ့သည့်တစ်ပတ်အစည်းအဝေး၌ အသင်းမှထွက်ချင်သည်ဟု ပြောကြောင်း ကိုးမန်းကဖွင့်ဟသည်။

"သူ့အနေနဲ့ အသင်းနဲ့ပြန်လည်စုစည်းနိုင်ပြီးအရင်လိုပြန်ဖြစ်ခဲ့မယ်ဆိုရင် ပြန်လက်ခံဖို့ ပြဿနာမရှိပါဘူး။ အခုသူ့အခြေအနေက ဘာဖြစ်နေလဲ ဆိုတော့ အသင်းအပေါ်အာရုံစိုက်မှုကျဆင်းနေတယ်။ ဒါကြောင့် သူ့ကိုချန်ထားရတာပါ"ဟု ကိုးမန်းက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly