ဖိလစ်ပိုင်နှင့် ရေကြောင်းကာကွယ်ရေးပူးပေါင်းမှု မြှင့်တင်ရန် ဂျပန်ဖျက်သင်္ဘော မနီလာဆိပ်ကမ်းသို့ ရောက်ရှိ

ဖိလစ်ပိုင်နှင့် ရေကြောင်းကာကွယ်ရေးပူးပေါင်းမှု မြှင့်တင်ရန် ဂျပန်ဖျက်သင်္ဘော မနီလာဆိပ်ကမ်းသို့ ရောက်ရှိ

မနီလာ၊ မေ ၂၆ /        / ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန်နို်င်ငံတို့အကြား ရေကြောင်းကာကွယ်ရေး ပူးပေါင်းမှုမြှင့်တင်ရေး ခရီးစဉ်တစ်ရပ်အဖြစ် ဂျပန်ရေတပ်ဖျက်သင်္ဘောတစ်စီး မနီလာဆိပ်ကမ်းသို့ မေ ၂၅ ရက်တွင် ဆိုက်ကပ်သည်။

ဂျပန်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့မှ Asagiri- class ဖျက်သင်္ဘော JS Setogiri သည် မေ ၂၅ ရက် နံနက်ပိုင်းတွင် အပြုသဘောဆောင်သော ခရီးစဉ်အဖြစ် ရောက်ရှိခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင်ရေတပ်က ထုတ်ပြန်သည်။ နှစ်နိုင်ငံက ၎င်းတို့၏ ရေပြင်ကာကွယ်ရေးပူးပေါင်းမှုများ တိုးမြှင့်ဆောင်ရွက်နေစဉ် ဂျပန်ရေတပ်မှ သင်္ဘောတစ်စီး ဖိလစ်ပိုင်သို့ ရောက်ရှိခြင်းသည် ယခုနှစ်အတွင်း လေးကြိမ်မြောက်ဖြစ်သည်။

ရဟတ်ယာဉ်တစ်စီးနှင့် အရာရှိနှင့် အမှုထမ်း ၂၀၀ နီးပါး လိုက်ပါလာသည့် အဆိုပါ ဂျပန်ဖျက်သင်္ဘောအား ဖိလစ်ပိုင်ရေတပ်မှ ကပ္ပတိန်ဖြစ်သူ ဂျိုစီလိုတူဘာလာက အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။

ယခု ခရီးစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နှစ်နို်င်ငံကြားက ရေကြောင်းပူးပေါင်းမှုများကို ထပ်တိုးမြှင့်တင်ပေးမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ရေတပ် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly