မုံရွာမြို့တွင် လမ်းမများပေါ်တွင် နေ့ညဓားထိုးအဖွဲ့ ပေါ်ပေါက်နေဟု ဒေသခံများဆို

မုံရွာမြို့တွင် လမ်းမများပေါ်တွင် နေ့ညဓားထိုးအဖွဲ့ ပေါ်ပေါက်နေဟု ဒေသခံများဆို

 

မုံရွာ၊ မေလ ၂၆ ။      ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့လမ်းမတွေပေါ်မှာ မိုက်ရူးရဲဆန်ဆန် အုပ်စုဖွဲ့ဓားထိုးမှုတွေ၊ ရိုက်မှုတွေ၊ လုယက်မှုတွေ မကြာခဏဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေဆိုပါတယ်။

ညစဉ် ၁၁ နာရီကျော်တာနဲ့ မုံရွာမြို့ ကျောက္ကာလမ်းမကြီးဘေး၊ မုံရွာကန်သာယာနဲ့ ချင်းတွင်းမြစ်ကမ်းနား လမ်း တလျောက်မှာ အရက်ဝိုင်းတွေနဲ့စည်ကားနေပြီး လမ်းသွားလမ်းလာသူတွေကို မိုက်ရူးရဲဆန်ဆန် အုပ်စုဖွဲ့ ဓားနဲ့ထိုးတာ၊ တုတ်နဲ့ရိုက်တာ၊ သမီးရည်းစားအတွဲတွေဆီက ပစ္စည်းလုတာ၊ဆိုင်ကယ်လုယက်မှု ပြုလုပ်တာတွေ ရှိနေကြောင်း ကြားသိနေရပါတယ်။

အများပြည်သူသွားလာနေတဲ့ လမ်းမတွေမှာ သောက်စားမူးယစ်သူတွေကို လုံခြံုရေးအရ ထိန်းသိမ်းစေချင်ပြီး သောက်စားမူးယစ်တွေကြောင့် မလိုလားအပ်တဲ့ ပြသနာတွေ မကြာခဏမြင်တွေ့ရတယ်လို့ မုံရွာမြို့၊ ရန်ကင်း ရပ်ကွက်က ကိုအောင်မျိုးဝင်းက ဆိုပါတယ်။

“ အစိုးရဘက်ကနေ ပတ်ကင်း၊ ၀ပ်ကင်းတွေနဲ့ လှည့်ပတ်စေချင်ပါတယ်။ ကျွန်တော့အနေနဲ့ကတော့။” လို့ ကိုအောင်မျိုးဝင်းက ပြောပါတယ်။

မုံရွာမြို့မှာ ညအချိန်သာမက နေ့လည်ခင်းမှာပါ မကြာခဏ မှုခင်းတွေဖြစ်ပွားနေတဲ့အတွက် မြို့လုံခြံုရေးဟာ စိုးရိမ်စရာအနေထားမှာရှိပြီးလားလို့ ဝေဖန်မှုတွေရှိပြီး ရပ်ကွက်တွေ၊ မကြာခဏ မှုခင်းဖြစ်ပွားတက်တဲ့နေရာကို လှည့်ကင်းတွေ ဆောင်ရွက်စေချင်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ကန်သာယာမှာ နေ့လည်အချိန်သွားလာနေစဉ် လုယက်ခံခဲ့ရတယ်လို့ မုံရွာမြို့မှာ ပန်းအလှဆင်လုပ်ငန်းကိုင်သ မမြင့်မြတ်စိုးလွင်က သူ့အတွေ့အကြံုကို ပြောပါတယ်။

“ ကျွန်မတုန်းကတော့ နေ့ခင်းပိုင်းရှင့်။ ကန်သာယာဖက်မှာပဲ တုတ်တစ်ချောင်းနဲ့ ဆိုင်ကယ်ကို ယှဉ်လိုက်ပြီး တော့ ပိုက်ဆံအိတ်ကို လုတာပေါ့။ ကျွန်မဖြစ်တဲ့အချိန်ဆို နေ့ခင်းကြောင်တောင်ကြီး။” လို့ ပြောပါတယ်။

ဒီလို ဓားထိုးမှုဖြစ်စဉ်တွေ ဖြစ်ပွားရတာနဲ့ပက်သက်ပြီး မုံရွာမြို့မရဲစခန်းမရဲစခန်း စခန်းမှူး ဒုရဲမှူးကျင်စိန်ကို မေးမြန်းရာ လတ်တလောအနေနဲ့ ဓားထိုးအဖွဲ့ဆိုတာတွေတော့ မိမိပိုင်နယ်မြေမှာဖြစ်ပွားတာမျိုး လာရောက် အမှုဖွင့်တာမျိုးမရှိဘဲ အခု မေလ ၈ ရက်ညက ကန်သာယာမှာ ညအချိန် လူနှစ်ယောက်ကို ၃ ယောက်က ရန်စပြီး ထွက်ပေးသွားတဲ့အခါမှာ ဆိုင်ကယ်ယူသွားတဲ့ အမှုပဲရှိတယ်လို့ ဆိုပါတယ်။

အဆိုပါအမှုနဲ့ ပတ်သက်ပြီး မုံရွာမြို့မရဲစခန်း(ပ)၇၅၄/၂၀၁၈ ပုဒ်မ ၃၉၄ နဲ့ အမှုဖွင့်ထားပြီး အလာတူမှုခင်းမျိုး ထပ်မံမဖြစ်ပွားစေဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့ စုပေါင်းပြီး ညစဉ် စောင့်ကြည့်မှုတွေ ပြုလုပ်နေ တယ်လို့ ဆိုပါတယ်။

ယခုလက်ရှိ မုံရွာမြို့ပြလုံခြံုရေးအတွက် စီစီတီဗီ ကင်မရာတွေတကို အချက်အချာကျတဲ့ နေရာ ၁၂ နေရာမှာ တပ်ဆင်ဖို့ လျာထားပြီး ၂ နေရာတပ်ဆင်ပြီးကာ သိန်းတစ်ရာခန့် ကုန်ကျတယ်လို့ သိရပါတယ်။ ယခုနှစ် မတ်လအတွင်း မုံရွာမြို့နယ်ရဲတပ်ဖွဲ့၊ယာဉ်ထိန်းရဲတပ်ဖွဲ့၊လွတ်တော်ကိုယ်စားလှယ်နဲ့ အရပ်ဖက်အဖွဲ့စည်းတွေ စုပေါင်းပြီး မူခင်းလျော့နည်းကျဆင်းဖို့ ရှောင်တခင် ပိတ်ဆို့တားမြစ်ကာ တုတ်၊ဓားရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly