အတ္တတံခါးပိတ်နိုင်သူ ဆိုတဲ့ တေးစီးရီးသစ်ကို စတင်မိတ်ဆက်လာတဲ့ A ဒင်

အတ္တတံခါးပိတ်နိုင်သူ ဆိုတဲ့ တေးစီးရီးသစ်ကို စတင်မိတ်ဆက်လာတဲ့ A ဒင်

ရန်ကုန် မေ ၂၆ ။                     ။ တေးသံရှင် A ဒင်က အတ္တတံခါးပိတ်နိုင်သူလို့ အမည် ပေးထားတဲ့ DVD တေးစီးရီးသစ်ကို မိတ်ဆက်ပေး လိုက်ပါတယ်။

ရန်ကုန်မြို့၊ Orchid ဟိုတယ်မှာ မေလ ၂၆ ရက်နေ့၊ နေ့ လည်ပိုင်းက စာနယ်ဇင်းမိတ်ဆက်ပွဲပြုလုပ်ခဲ့တာပါ။

တေးသံရှင် A ဒင်ဟာ ၂၀၁၄ ခုနှစ်က မင်းမှမင်းပါပဲဆိုတဲ့ Audio တေးစီးရီးကို ပထမဆုံးထုတ်ခဲ့ပြီး အခု မိတ်ဆက်လိုက်တဲ့ အတ္တတံခါးပိတ်နိုင်သူလို့ အမည်ပေးထားတဲ့ DVD တေးစီးရီးဟာ A ဒင်ရဲ့ ဒုတိယမြောက် ဂီတခြေလှမ်းလည်း ဖြစ်ပါတယ်။

ဒီတေးစီရီးထဲမှာ ပါဝင်ပြီး အကြိုက်ဆုံးဖြစ်တဲ့ အတ္တတံခါးပိတ်နိုင်သူလို့ အမည်ပေးထားတဲ့ သီချင်းလေးကို စီးရီး ခေါင်းစဉ်ပေးထားတာဖြစ်တယ်လို့ တေးသံ ရှင် A ဒင်က ပြောပါတယ်။

"ဒီသီချင်းလေးရဲ့အဓိပ္ပါယ်ကတော့ လူတွေက တစ်ကယ်တမ်းကြတော့ အတ္တတွေနဲ့တည်ဆောက်ထားတာ၊ တကယ်တမ်း သေရေးရှင်ရေးနဲ့ပတ်သက်လာရင် ကိုယ့်အတွက်ပဲ ရှေ့တန်းတင်တယ်၊ ဒါကို ရေးသားဖော်ကျူး ထားတာ" လို့ တေးသံရှင် A ဒင်က ပြောပါတယ်။

ဒီတေးစီးရီးထဲမှာ Pop Rock သီချင်း ၁၂ ပါဝင်ပြီး တေး ရေးအဖြစ် A ဒင်၊ နေဂျူး၊ မင်းသခင်၊ ဂျိမ်းစ်၊ ကိုတီ၊ နေ သစ်၊ တေဇာ၊ ချမ်းမြေ့တို့က ရေးသားထားတယ်လို့ သိရ ပါတယ်။ဂီတလောကမှာ တေးစီးရီးသစ်တွေအတွက် စျေးကွက် နေ ရာ အခက်အခဲတွေရှိပေမယ့် ရူးသွပ်မှုတစ်ခုတည်း နဲ့ ဒီ DVD တေးစီးရီးကို ထုတ်လုပ်ဖြစ်တာလို့ တေးသံ ရှင် Aဒင်က ပြောပါတယ်။

" ကျွန်တော်တို့က ဝါသနာပေါ့၊ ဂီတကို ရူးသွပ်ကြတယ် ဆိုတော့ စျေးကွက်မကောင်းလည်းပဲ အငတ်ခံလုပ်တာ ပေါ့ဗျာ၊ အကောင်းဆုံးကြိုးစားထားတဲ့အတွက် ပရိသတ်ဘက်က တစုံတရာတုံ့ပြန်မှုရှိရင်ပဲ ကျေနပ်ပါပြီ" လို့ တေးသံရှင် Aဒင်က ပြောပါတယ်။

ဒီ တေးစီးရီးကို ထိုင်းနိုင်ငံအပါအဝင် တာချီလိတ်၊ ငွေဆောင်၊ ချောင်းသာ၊ ရန်ကုန်နဲ့ မြန်မာပြည်အနှံ့ ၄ နှစ် ကြာ အချိန်ယူရိုက်ကူးခဲ့ပြီး ဂီတအပေါ်ရူးသွပ်တဲ့ သူငယ် ချင်းတွေနဲ့ ထူးထူးခြားခြားပါဝင်တင်ဆက်ထားတယ် လို့ လည်း သိရပါတယ်။

ဒီတေးစီးရီးကို လာမယ့်ဇွန်လဆန်းပိုင်းမှာ BO BO Music production ကနေ ဖြန့်ချိသွားမယ်လို့လည်း သိရ ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly