ဘရာဇီးအသင်း၏လေ့ကျင့်ရေးအစီအစဉ်ကို ပရိသတ်များစွာ လာရောက်ကြည့်ရှုသဖြင့် လူစုလူဝေးဖြစ်ပေါ်

ဘရာဇီးအသင်း၏လေ့ကျင့်ရေးအစီအစဉ်ကို ပရိသတ်များစွာ လာရောက်ကြည့်ရှုသဖြင့် လူစုလူဝေးဖြစ်ပေါ်

မေ ၂၆၊ ထရက်ဆိုပိုလစ်။         ။ ကမ္ဘာ့ဖလားမတိုင်မီ ကြီးမားသော ချစ်မြတ်နိုးမှု၊ ဖိအားနှင့် မျှော်လင့်ချက်များမှာ ဘရာဇီးအသင်းလေ့ကျင့်ခန်းဆင်းသည့် သောကြာနေ့တွင် ပေါ်ထွက်လာခဲ့သည်။

ထရက်ဆိုပိုလစ်ရှိ ဘရာဇီးအသင်းလေ့ကျင့်ရေးစခန်းအပြင်ဘက်တွင် ပရိသတ်ရာပေါင်းများစွာသည် နေမာနှင့် အခြား ဆမ်ဘာ ကြယ်ပွင့်များကို ရိပ်ခနဲမြင်တွေ့ခွင့်ရရန် လာရောက်ကြည့်ရှုခဲ့ကြသည်။

ပရိသတ်များမှာ ဂိတ်တံခါးများကို ချိုးဖျက်ပြီး အထဲဝင်ရောက်ခွင့်ရရန်ကြိုးပမ်းခဲ့ကြသဖြင့် အထိတ်တလန့်အခြေအနေ တစ်ခုလည်းဖြစ်ပေါ်ခဲ့ရသေးသည်။

ပရိသတ်အချို့ဝင်ရောက်ခွင့်ရခဲ့သော်လည်း ဒါဇင်ပေါင်းများစွာမှာမူ လေ့ကျင့်ရေးကွင်း၏သတ်မှတ်ထားသော လူဦးရေနှင့် မဆံ့တော့သဖြင့် ဝင်ခွင့်မရခဲ့ပေ။

အရှေ့ဘက်ရှိကလေးပရိသတ်များကို ထိခိုက်ဒဏ်ရာမရစေရန် ဂိတ်တံခါးများ၏အပေါ်သို့ မြှောက်ချီထားရပြီး အချို့မှာမူ အထဲဝင်ခွင့်ရရန် လုံခြံုရေးများကို မေတ္တာရပ်ခံနေကြသည်။

အချို့ ငယ်ရွယ်သည့်ပရိသတ်များမှာမူ ကမ္ဘာ့ဖလားအတွက်ပြင်ဆင်နေသည့် ဘရာဇီးအသင်း၏လေ့ကျင့်မှုကို ဝင်ရောက်ကြည့်ရှုခွင့်မရ၍ မျက်ရည်များဖြင့် ထွက်ခွာခဲ့ရသည်။

လေ့ကျင့်ရေးကွင်းအတွင်းတွင် ခြေဖဝါးရိုးကျိုးဒဏ်ရာမှ ပြန်လည်သက်သာလာသည့် နေမာမှာ အသင်းနှင့်အတူ လေ့ကျင့်မှုများ ပြုလုပ်လျှက်ရှိသည်။

ယင်းစူပါကြယ်ပွင့်တိုက်စစ်မှူးအနေဖြင့် ကမ္ဘာ့ဖလားအမီပြန်လည်ကြံ့ခိုင်လာလိမ့်မည်ဟု ဘရာဇီးပရိသတ်များ၏ မျှော်လင့်ချက် မြင့်မားလာလျှက်ရှိသည်။

ဘရာဇီးအသင်းသည် အုပ်စု E တွင် ကော်စတာရီကာ၊ ဆာဘီးယား၊ ဆွစ်ဇာလန်တို့နှင့်အတူကျရောက်နေပြီး ဇွန် ၁၇ တွင် ဆွစ်တို့နှင့် ဦးစွာကစားရမည်ဖြစ်သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly