ဟောလိ၀ုဒ် မင်းသမီး၏ မုဒိမ်းမှုဖြင့် စွပ်စွဲခံရသည့် ရုပ်ရှင်ပရိုဂျူဆာဟောင်း အာမခံ ဒေါ်လာ တစ်သန်းဖြင့် ပြန်လွတ်

ဟောလိ၀ုဒ် မင်းသမီး၏ မုဒိမ်းမှုဖြင့် စွပ်စွဲခံရသည့် ရုပ်ရှင်ပရိုဂျူဆာဟောင်း အာမခံ ဒေါ်လာ တစ်သန်းဖြင့် ပြန်လွတ်

 

ဟောလိ၀ုဒ် အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ရုပ်ရှင််ပရိုဂျူဆာဟောင်း ဟာဗေးဝိန်းစတင်းအား မုဒိမ်းမှု၊ လိင်မဖွယ်မရာပြုမှုများဖြင့် နယူးယောက်တွင် စစ်ဆေးပြီးနောက် အာမခံ အမေရိကန် ဒေါ်လာ တစ်သန်းဖြင့် ပြန်လွှတ်သည်ဟု ဘီဘီစီသတင်းတစ်ရပ်က ဖော်ပြသည်။

မုဒိမ်းမှုနှင့် ရာဇဝတ်မှုမြောက် လိင်ပိုင်းဆိုင်ရာ အပြုအမူများအတွက် ရုံးတင်စစ်ဆေးခံရသော ၀ိန်းစတင်းက ၎င်းတွင် အပြစ်မရရှိကြောင်း လျှောက်လဲခဲ့သည်ဟု ၎င်း၏ ရှေ့နေဖြစ်သူက ပြောကြောင်း အီးပီအေသတင်းက ဖော်ပြသည်။

“၀ိန်းစတင်းဟာ တစ်ဦးဦးပေါ်  လိင်အပြုအမူ မကျူးလွန်မိအောင်  အမြဲတမ်း စောင့်စည်းခဲ့သူပါ။ သူရဲ့ ရပ်တည်ချက်ကို ဘာကမှ မပြောင်းလဲပစ်နိုင်ပါဘူး။ အပြစ်မရှိကြောင်းလည်း လျှောက်လဲထားသလို ကွင်းလုံးကျွတ် လွတ်ဖို့ မျှော်လင့်ပါတယ်။”ဟု ရှေ့နေဖြစ်သူ ဘင်ဂျမင်ဘရက်ဖ်မန်းက ထုတ်ပြန်သည်။

တစ်ချိန်က ဟောလိ၀ုဒ်ရုပ်ရှင်လောကတွင် သြဇာကြီးခဲ့သူဖြစ်ပြီး ရုပ်ရှင်ကုမ္ပဏီမှ အလုပ်ထုတ်ခံခဲ့ရသူ ၀ိန်းစတင်းအား အောက်တိုဘာလမှစပြီး အမျိုးသမီး ဒါဇင်များစွာက လိင်ပိုင်းမဖွယ်မရာ ပြုကျင့်သည်ဟု စွပ်စွဲ ပြောဆိုလာခြင်း ဖြစ်သည်။

မင်းသမီးတစ်ဦးဖြစ်သည့် ရို့စ်မတ်ဂိုဝန်ကလည်း ၎င်းအား မုဒိမ်းမှုဖြင့် စွပ််စွဲထားပြီး  ယခုကဲ့သို့ အာမခံ ဒေါ်လာ တစ်သန်း ချမှတ်လိုက်ခြင်းအတွက် ကျေနပ်မှုရှိကြောင်း ဆိုကာ ကျူးလွန်ခံ အမျိုးသမီးများအတွက် အဆုံးတွင် အနိုင်ရမည် မျှော်လင့်ကြောင်း ပြောခဲ့သည်။

အသက် ၆၆ နှစ်ရှိ ၀ိန်းစတင်းသည် မေ ၂၄ ရက်က ရဲစခန်းသို့ ကိုယ်တိုင်လာရောက်ခဲ့ပြီးနောက် ၎င်း၏ ပတ်စ်ပို့ကိုလည်း  အပ်နှံကာ GPS ခြေရာခံစနစ် ၀တ်ဆင်ရန်ကိုလည်း သဘောတူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly