ထိုင်းတွင် စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူများကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ရဲက တရားစွဲ

ထိုင်းတွင် စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူများကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ရဲက တရားစွဲ

ဘန်ကောက်၊ မေ ၂၄ ။           ။ ထိုင်းနို်င်ငံတွင် စစ်အစိုးရဆန့်ကျင်သော တက်ကြွလှုပ်ရှားသူ ၁၅ ဦးကို ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်နိုင်သော နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် မေ ၂၄ ရက်က တရားစွဲဆိုခံထားရကြောင်း ၎င်းတို့၏ ရှေ့က ပြောသည်။

ထိုင်းစစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာသိမ်းမှု လေးနှစ်မြောက် ပတ်လည်အဖြစ် ယခုသီတင်းပတ်က ဆန္ဒပြမှုများ လုပ်ဆောင်ခြင်းအတွက် ၎င်းတို့အား ယခုကဲ့သို့ တရားစွဲခြင်း ဖြစ်ကြောင်း သိရသည်။

မေ ၂၂ ရက်က ပြုလုပ်ခဲ့ကြသော အဆိုပါ ဆန္ဒပြမှုသည် အင်အားသေးငယ်သော်လည်းစစ်အုပ်ချုပ်ရေးကို စိတ်ပျက်ငြီးငွေ့နေပြီဖြစ်သော နိုင်ငံအတွင်း အဓိက ခေါင်းကြီးသတင်းများအဖြစ် လွှမ်းမိုးထားသည်။

ရာအနည်းငယ်သော ပြည်သူများက စစ်အစိုးရ ရက်ရွှေ့နေသည့် ရွေးကောက်ပွဲကို ကတိခံရေး တောင်းဆိုရန် ဘန်ကောက်ရှိ အစိုးရရုံးသို့ ချီတက်ရန် ကြိုးစားနေသော်လည်း ပိတ်ဆို့ တားမြစ်ခြင်း ခံခဲ့ရသည်။

ထိုင်းစစ်အစိုးရအနေဖြင့် လူငါးယောက်ပိုသော ဆန္ဒပြမှုများ၊ နိုင်ငံရေး စုရုံးမှုများကို တားမြစ်ထားခြင်းလည်း ဖြစ်သည်။

ယခု တရားစွဲထားသူများကို နို်င်ငံတော်အကြည်ညိုပျက်စေမှုအပြင် လူဆယ်ယောက်ထက်ပိုကာ ဥပဒေမဲ့ စုရုံးမှု၊ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်စေမှုနှင့် နှောင့်ယှက်မှုများဖြင့်လည်း စွဲဆိုထားကြောင်း ၎င်းတို့၏ ကိုယ်စားလှယ်ဖြစ်သူ ထိုင်းလူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ ပါဝီနီချမ်စရီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly