ပေကျင်း၊ မေ ။ ။ တရုတ်နိုင်ငံမှာ လူလုပ်အသိဉာဏ်ပါ စက်ရုပ်တွေ တပ်ဆင်ထုတ်လုပ်ရေး လုပ်ငန်းမှာ Shenzhen Atall Intelligent Robot Technology ကုမ္ပဏီဟာ ဦးဆောင်ကုမ္ပဏီတွေထဲက တစ်ခုပါ။
ကုမ္ပဏီရဲ့ အမျိုးမျိုးသော လူလုပ်အသိဉာဏ် AI နည်းပညာပါ စက်ရုပ်တွေမှာ အရောင်းသွက်ဆုံးကတော့ Emma လို့ ခေါ်တဲ့ အသိဉာဏ်ပါ လိင်စက်ရုပ်ပဲ ဖြစ်ပါတယ်။
မေ ၂၄ ရက်မှာတော့ အသစ်လွင်ဆုံးမော်ဒယ် Emma စက်ရုပ်တစ်ရုပ်ကို ကုမ္ပဏီစက်ရုံမှာ အလုပ်သမားတစ်ဦးက ဖောက်သည်ဆီ မပို့မီ တပ်ဆင်ရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ခြယ်သပေးနေပါတယ်။
ဘက်စုံသုံး ဒီစက်ရုပ်ဟာ အင်တာနက်နဲ့ ချိတ်ဆက်ထားပြီး Android စနစ်နဲ့ လည်ပတ်ပါတယ်။ ညို့ယူနှိုးဆွနိုင်စွမ်း မြင့်မားတယ်လို့လည်း ဆိုပါတယ်။
လိင်စက်ရုပ်တွေဟာ ပျော့ပျောင်းပြီး ဆန့်ကျုံ့နိုင်သော အရေးပြားရှိပါတယ်။ ချောဆီအနည်းငယ်လည်း ပါရှိပြီး အနံ့ကင်းမဲ့ပါတယ်။ ကို်ယ်အပူချိန်ဟာလည်း လူအတိုင်းပါပဲ၊ ၃၇ ဆဲလ်စီးရပ်စ်ရှိထားပါတယ်။
လျှပ်စစ်ဓာတ်လိုက်မှုမဲ့၊ မီးလောင်ကျွမ်းမှုမဲ့၊ ပေါက်ကွဲမှုမဲ့ နည်းပညာနဲ့ လုံခြံုရေးစီမံထားပါတယ်။ ကိုယ်ခန္ဓာအာရုံခံဆင်ဆာတွေကလည်း လူတစ်ဦးလိုပဲ လိင်စက်ရုပ်တွေကို ခံစားမှု ဖြစ်စေပါတယ်။
ဒါပေမယ့် လုံးလုံးတော့ တော်ရုံတတ်နိုင်ကြမယ့် စျေးမဟုတ်ပါ။ Emma စက်ရုပ်ရဲ့ အွန်လိုင်းလက်လီစျေးနှုန်းဟာ ယွမ် နှစ်သောင်း(အမေရိကန်ဒေါ်လာ ၃၁၃၆ ဒေါ်လာ) စျေးရှိပြီး ဖောက်သည်အများစုကတော့ အသက် ၄၀ နဲ့ ၅၀ ကြားအရွယ်တွေလို့ သိရပါတယ်။