လူငယ်များအကြား ရေပန်းစားနေသည့် Huawei Nova 3e စျေးကွက်အတွင်း ပြန်လည်ဝင်ရောက်

လူငယ်များအကြား ရေပန်းစားနေသည့် Huawei Nova 3e စျေးကွက်အတွင်း ပြန်လည်ဝင်ရောက်

ကျစ်လျစ်လှပတဲ့ကိုယ်ထည်၊ ပြောင်လက်တောက်ပတဲ့ အရောင်၊ Premium ဆန်တဲ့ အသွင်အပြင်နဲ့ ယခုနှစ် မတ်လက ထွက်ရှိခဲ့တဲ့ Huawei Nova 3e ဟာ စျေးကွက်မှာ ပစ္စည်းပြတ်လပ်ခဲ့သည်အထိ  ရောင်းအားရှိခဲ့ပါတယ်။ သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်းအပြင် သက်သာတဲ့စျေးနှုန်း၊ ခပ်မိုက်မိုက်အ ချက်အလက်တွေကြောင့် စွမ်းဆောင်ရည်သင့်စမတ်ဖုန်းများအကြားမှာ အတော်လေးယှဉ်ပြိုင်နိုင်ပြီး  လတ်တလောလူကြိုက်များနေတာပဲ  ဖြစ်ပါတယ်။

ပထမတစ်ခေါက်မှာ အနက်ရောင်နဲ့ အပြာရောင်နှစ်မျိုး ပါဝင်ခဲ့ပြီး အပြာရောင်က လူကြိုက်များခဲ့ပါတယ်။ ဒီတစ်ခေါက် ပစ္စည်းပြန်လည်ဝင်တဲ့အခါမှာ ပန်းရောင်ကာလာကိုပါ   ရွေးချယ်ဝယ်ယူနိုင်တော့မယ်လို့   သိရပါတယ်။ Sakura Pink  လို့ အမည်ပေးထားသလိုပဲ သူ့ရဲ့ပန်းရောင်က အခြားမြင်တွေ့နေက ပန်းရောင်များနဲ့မတူဘဲ   နောက်ကျောဘက်မှန်သားပေါ်မှာ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့လေးနဲ့ တကယ့်ကို လှပပါတယ်။ အရောင်ပြေပြေလေးတွေကို သဘောကျတတ်တဲ့ ကိုကိုမမတွေအတွက် သတင်းကောင်းတစ်ခုပါပဲ။

Huawei Nova 3e က Notch ဒီဇိုင်းနဲ့လာတာဖြစ်ပြီး iPhone X မှာလိုမျိုး Notch ကြီးကြီးမဟုတ်ဘဲ အသေးလေးနဲ့ အလှဆင်ထားလို့ မျက်နှာပြင်မှာ အရမ်းနေရာမယူဘဲ အတော်လေးချစ်ဖို့ကောင်းပါတယ်။ Notch မကြိုက်တဲ့သူဆိုရင်လည်း setting မှာ ပြောင်းလဲနိုင်ပါတယ်။ Display Ratio 19:9 ရှိပြီး 5.84 လက်မရှိတဲ့ Full HD+ မျက်နှာပြင်ပါဝင်တဲ့ Nova 3e က ပိုမိုကျယ်ပြန့်ပြီး ကြည်လင်ပြတ်သားတဲ့ ကြည့်ရှုခြင်း အတွေ့အကြံုကို ပေးစွမ်းနိုင်ပါတယ်။ EMUI 8.0 ပါရှိပြီး Fast Charging စနစ် ပါဝင််လာတဲ့အတွက် အတော်လေးယှဉ်ပြိုင်နိုင်တဲ့ စျေးကွက်ဝင် စွမ်းဆောင်ရည်သင့် စမတ်ဖုန်းတစ်လုံးလို့ ဆိုရမှာဖြစ်ပါတယ်။

နောက်ပြီး Nova 3e ချစ်သူတွေအတွက် နောက်ထပ်သတင်းကောင်းတစ်ခုက Huawei က Telenor နဲ့ ပူးပေါင်းပြီး အထူးပရိုမိုးရှင်းအစီအစဉ်တစ်ခု ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဒီအစီအစဉ်မှာ Huawei Nova 3e ကို ဝယ်ယူတဲ့သူတွေအနေနဲ့ Telenor SIM Card ကို ဖုန််းရဲ့ SIM Slot 1 မှာ ထားရှိပြီး ကျပ် ၅,၀၀၀ ဖိုး ဖုန်းငွေဖြည့်သွင်းရင် အင်တာနက်ဒေတာ 1GB ၊ ကျပ် ၁၀,၀၀၀ ဖိုး ဖုန်းငွေဖြည့်သွင်းရင် အင်တာနက်ဒေတာ 2GB အခမဲ့ ရရှိမှာဖြစ်ပါတယ်။ ပရိုမိုးရှင်းမှာပါဝင်ဖို့ မိမိ Telenor ဖုန်းနံပါတ်နဲ့ အခြားဖုန်းနံပါတ်တစ်ခုကို ဖုန်းခေါ်ဆိုပြီး အဆိုပါ ဖုန်းနံပါတ်မှ မိမိဖုန်းခေါ်ဆိုမှုကို လက်ခံရပါမယ်။ အဲဒီနောက်မှာ activation SMS လက်ခံရရှိပြီး ဖုန်းဘေလ်ခံစားခွင့်ရမှာ ဖြစ်ပါတယ်။ ဧပြီလ ၂၀ ရက်နေ့မှ စတင်ပြီး ၁ လမှာ ၁ ကြိမ်နှုန်းနဲ့ အများဆုံး ၁၂ ကြိမ်အထိ အကျိုးခံစားခွင့်ရမယ့် ဒီပရိုမိုးရှင်းရဲ့ ကာလက ၁ နှစ်ဖြစ်ပါတယ်။

ပိုမိုကောင်းမွန်တဲ့ သုံးစွဲသူအတွေ့အကြံုကို ပေးနိုင်ဖို့ အမြဲကြိုးပမ်းနေတဲ့ Huawei ဟာ ၂၀၁၇ ခုနှစ်က BrandZ ရဲ့ ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး အမှတ်တံဆိပ် ၁၀၀ စာရင်းတွင် ၄၉ ခု မြောက်နှင့်၊ Forbes ရဲ့ ကမ္ဘာ့တန်ဖိုး အကြီးဆုံးအမှတ်တံဆိပ်များစာရင်းတွင် ၈၈ ခုမြောက်အဖြစ် ဖော်ပြခြင်းခံခဲ့ရပါတယ်။ ထုတ်ကုန်ပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှု၊ သုံးစွဲသူအတွေ့အကြံုကောင်းမွန်မှုတို့ကြောင့် ယခုလို High-end စျေးကွက်များမှာ  အောင်မြင်မှုတွေရရှိခဲ့ပြီး ကမ္ဘာ့တတိယအကြီးဆုံးမိုဘိုင်းဖုန်းကုမ္ပဏီကြီးတစ်ခုသို့ တက်လှမ်းလာခဲ့တာ  ဖြစ်ပါတယ်။ကမ္ဘာ့အသိအမှတ်ပြု အရည်အသွေးမြင့် ထုတ်ကုန်အမှတ်တံဆိပ်တစ်ခုရဲ့ ပုံရိပ်နဲ့ လိုက်လျော်ညီထွေဖြစ်အောင် Logo ဒီဇိုင်းနဲ့အရောင် ပြောင်းလဲမှုတစ်ခုကိုလည်း မကြာသေးမီက ပြုလုပ်ခဲ့ ပါတယ်။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယခင်က Huawei Logo အဟောင်းဟာ အနီရောင်ကိုမှ အရောင်ပြေးပုံစံနဲ့ ဖျော့တဲ့အရောင်ကို ဆောင်ပါတယ်။ ယခုအသစ်ပြောင်းလဲလိုက်တဲ့ Huawei Logo အသစ်မှာတော့ အနီရောင်က ပိုမိုနက်ရှိုင်းပြီး တောက်ပတဲ့အနီရောင်ကို တွေ့မြင်ရသလို စာလုံး E ကလည်း ဖြောင့်တန်းပြီး ပိုမိုရဲရင့်တဲ့အသွင်၊ အားအင်ပြည့်ဝတဲ့အသွင်၊ ယုံကြည်အားကိုးရတဲ့ အသွင်ကို ဆောင်နေပါတယ်။ ဒါဟာ Huawei အနေနဲ့ ယခင်က သင်နဲ့ရင်းနှီးခဲ့တဲ့ Huawei ရဲ့ ပုံရိပ်ဟောင်းအစား premium စမတ်ဖုန်းအမှတ်တံဆိပ်ကြီးတစ်ခုရဲ့ ပုံရိပ်နဲ့ အားအင်ဖြည့်နေတာလို့  မြင်မိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly