စပိန်နိုင်ငံမြောက်ပိုင်း၌ မီးရှုှးမီးပန်းပစ္စည်းများပေါက်ကွဲ၍ လူ ၁ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရ

စပိန်နိုင်ငံမြောက်ပိုင်း၌ မီးရှုှးမီးပန်းပစ္စည်းများပေါက်ကွဲ၍ လူ ၁ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရ

တူအီ၊ စပိန်၊ မေ ၂၄ ။         ။ စပိန်နိုင်ငံမြောက်ပိုင်းရှိ မြို့ငယ်လေးမှ နေအိမ်တစ်လုံး၌ ဗုဒ္ဓဟူးနေ့က မီးရှှုးမီးပန်းလုပ်သည့်ပစ္စည်းများ ပေါက်ကွဲခဲ့၍ လူ ၁ ဦး သေဆုံးခဲ့ပြီး ၂၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဂလေစီယာဒေသ၏ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဖြစ်သူက ပြောခဲ့သည်။

အုပ်ချုပ်ရေးမှူးဖြစ်သူ အယ်လ်ဖွန်ဆိုရူအီဒါက ရဲတပ်ဖွဲ့မှ ဗုံးရှင်းလင်းရေးအဖွဲ့အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်း များမလုပ်ဆောင်မီ စိတ်ချရအောင် အခြားပေါက်ကွဲနိုင်သောပစ္စည်းများကို ရှာဖွေခြင်းများ ကနဦးလုပ်ဆောင်ခဲ့ ပြီး ထို့နောက်တွင် အပျက်အစီးများကိုဖယ်ရှားကာ အသက်ရှင်သန်နိုင်သူများကို ရှာဖွေနေကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့သော သတင်းထောက်များကို ပြောခဲ့သည်။

“ယခုအချိန်ထိတော့ သေဆုံးသူ ၁ ဦးပဲရှိသေးတယ်လို့ အတည်ပြုနိုင်ပါသေးတယ်။ နောက်ထပ်ဘယ်လောက် ထပ်များလာဦးမလဲတော့ အခုချိန်မှာ မသိရသေးပါဘူး” ဟု သူက ဆိုခဲ့ပြီး ယင်းပေါက်ကွဲမှုအရှိန်ကြောင့် နေအိမ် ၁၀ လုံးခန့် ပြိုကျပျက်စီးခဲ့ရကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

ဒါ့အပြင် ရူအီဒါနှင့် တူအီမြို့တော်ဝန် ကားလို့စ်ဗက်ဇ်ကွက်ဇ်ပါဒင်တို့က သူတို့အနေဖြင့် အခင်းဖြစ်ပွားရာနေအိမ် ထဲ၌ မီးရှုးမီးပန်းများပြုလုပ်ရာတွင်အသုံးပြုသော ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ သိုလှောင်ထားသည်ကို သိရှိခဲ့ခြင်းမရှိကြောင်း ပြောဆိုခဲ့ကြသည်။

ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ညနေ ၄း၂၅ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနီးအနား၌နေထိုင်သူများက ၄င်းတို့အနေဖြင့် ပေါက်ကွဲသံအကျယ်ကြီးကို ကြားခဲ့ရပြီး မီးခိုးလုံးများမြင့်တက်လာသည်ကို မြင်တွေ့ခဲ့ရသည့် အတွက် အရေးပေါ်ဌာနသို့ အကြောင်းကြားခဲ့ကြခြင်းဖြစ်သည်။

ကနဦးက ယင်းပေါက်ကွဲမှုသည် မီးရှုးမီးပန်းလုပ်သည့် ကုမ္ပဏီကြီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသော် လည်း ယင်းဖြစ်စဉ်သည် မီးရှုးမီးပန်းပြုလုပ်သည့်ပစ္စည်းများကို အိမ်နီးနားချင်းများနှင့် အာဏာပိုင်များကို အသိမပေးပဲ သိုလှောင်ထားသောနေအိမ်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု နောက်ဆုံးတွင် သိရှိခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly