နယ်စပ်တွင် လူလေးဦး သေဆုံးပြီး ၃၀ ဒဏ်ရာရသည့် အပြန်အလှန်ပစ်ခတ်မှုများအတွက် ပါကစ္စတန်အား အိန္ဒိယ အပြစ်ဆို

နယ်စပ်တွင် လူလေးဦး သေဆုံးပြီး ၃၀ ဒဏ်ရာရသည့် အပြန်အလှန်ပစ်ခတ်မှုများအတွက် ပါကစ္စတန်အား အိန္ဒိယ အပြစ်ဆို

 

နယူးဒေလီ၊ မေ ၂၄ ။             ။ မြောက်ပိုင်းဒေသ ဂျမ်မူးနှင့် ကက်ရှ်မီးယားတို့တွင် အပစ်ရပ် ချိုးဖောက်ပြီး ပစ်ခတ်မှုများဖြစ်၍ လူ လေးဦး သေဆုံးကာ ၃၀ ဒဏ်ရာရခြင်းသည် ပါကစ္စတန်ကြောင့်ဟု အိန္ဒိယဖက်က မေ ၂၃ ရက်တွင် အပြစ်ဆိုလိုက်ကြောင်း တာဝန်ရှိသူများက ပြောသည်။

နယ်စပ််ဖြတ်ကျော် အပြန်အလှန်ပစ်ခတ်မှုများ မကြာသေးမီက ဖြစ်ပွားလာရာတွင် ယခုသေဆုံး ဒဏ်ရာရမှုများသည် နောက်ဆုံးပစ်ခတ်မှု ဖြစ်စဉ်ပဲ ဖြစ်သည်။

 “ဂျမ်မူး နိုင်ငံတကာနယ်စပ်စည်း ကတ်တူယာကနေ အက်ခါနောအထိ တစ်ညလုံး ဒုံးကျည်တွေ၊ ကျည်ဆန်တွေ ပစ်ခတ်နေလို့ လေးဦး သေဆုံးရပြီး ဒဏ်ရာရကြောင့်  ဆေးရုံတင်ထားရသူ ၃၀ ရှိပါတယ်။”ဟု ဂျမ်မူးနှင့် ကက်ရှ်မီးယား ရဲဌာန ညွှန်ကြားရေးမှူးချုပ် ပေါလ်ဗီအက်က တွစ်တာတွင် ရေးသားသည်။

ဒဏ်ရာရသူများတွင် အရပ်သား ၁၃ ဦး ပါ၀င်ပြီး သုံးဦးအခြေအနေမှာ စိုးရိမ်ရကြောင်း၊ ရဲတပ်ဖွဲ့က ၎င်းတို့အား ဒေသတွင်းဆေးရုံများသို့ ကူညီပို့ဆောင်ခဲ့ကြောင်း သိရသည်။

အပစ်ရပ် ချိုးဖောက်ခြင်းများသည် အာရာစပူရာ၊ အာနီယာ၊ ရမ်ဂတ်ရှ်၊ ဆမ်းဘားနှင့် ဟီရန်နာဂါအရပ်များတွင် ပေါ်ပေါက်ခြင်း ဖြစ်သည်။

အစဉ်အလာ ရန်ဖက်များဖြစ်ခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန်ကြား ဆက်ဆံရေး ယိုယွင်းလာခြင်းတွင် နယ်စပ်တစ်လျှောက် အပြန််အလှန်ပစ်ခတ်မှုများ ကုန်လွန်ခဲ့သည့် နှစ်နှစ်တာတွင်း ပိုမိုများပြားလာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly