ပါကစ္စတန်၌ အပူလှိုင်းဖြတ်ခြင်းကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံး

ပါကစ္စတန်၌ အပူလှိုင်းဖြတ်ခြင်းကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံး

ကရာချီ၊ ပါကစ္စတန်၊ မေ ၂၄ ။                         ။ ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ကရာချီ၌ ယခုအပတ်အတွင်း အပူလိုင်းဖြတ်မှုများကြောင့် လူဒါဇင် ပေါင်းများစွာသေဆုံးခဲ့ရကြောင်း နာရေးကူညီမှုအသင်းတစ်သင်းက အင်္ဂါနေ့ကဆိုခဲ့ပြီး ဒေသတွင်းအပူချိန်မှာ ၁၀၈ ဒီဂရီ ဖာရင်ဟိုက်ရှိကြောင်း ပြောခဲ့သည်။

အက်ဒ်ဟီဖောင်ဒေးရှင်း၏အဆိုအရ ပူအိုက်လှသောရာသီဥတုကြောင့် ပြီးခဲ့သောရက်ပိုင်းအတွင်း ရေခဲတိုက်သို့ ၄င်းတို့ပို့ဆောင်နေကြ ပုံမှန်အလောင်းအရေအတွက်ထက် ပိုမိုများပြားလာကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၄ ရက်အတွင်းမှာ ကျနော်တို့ပုံမှန်ပို့ဆောင်နေကြ အလောင်းအရေအတွက်ထက် ၂ ဆကျော်ပိုမိုများ ပြားခဲ့ပြီး စုစုပေါင်း အလောင်း ၁၈၀ လောက်ကို ရေခဲတိုက်ကိုပို့ခဲ့ရပါတယ်” ဟု ယင်းနာရေးကူညီမှုအသင်း၏ အကြီးအကဲဖြစ်သူ ဖိုင်ဆယ်အက်ဒ်ဟီက ပြောခဲ့သည်။

“သေဆုံးသူတွေရဲ့ ဆွေမျိုးတွေပြောဆိုချက်အရ သေဆုံးသူအများစုဟာ အပူလှိုင်းဖြတ်မှုကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ရခြင်းဖြစ်တယ်လို့ ယူဆရပါတယ်” ဟု သူက ဆိုခဲ့သည်။

အပူလှိုင်းဖြတ်ချိန်သည် ပါကစ္စတန်မှ အစ္စလာမ်ဘာသာဝင်များအတွက် နေထွက်ချိန်မှ နေဝင်ချိန်အထိ အစား အစာနှင့် ရေကို ရှောင်ကြဉ်သော ဥပုသ်ကာလနှင့်တိုက်ဆိုင်နေခြင်းကြောင့် ယခုလိုသေဆုံးသူမြင့်တက်လာရ ခြင်း ဖြစ်သည်ဟုလည်း ယူဆလျက်ရှိသည်။

ပါကစ္စတန်မိုးလေဝသဌာနကလည်း လာမည့် ၂ ရက်မှ ၃ ရက်အတွင်းထိ ကရာချီမြို့တွင် အပူချိန်ဆက်လက် မြင့်တက်လာဖွယ်ရှိပြီး အပူဆုံးအချိန်တွင် ၄၄ ဒီဂရီ စင်တီဂရိတ်အထိရှိနိုင်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

လွန်ခဲ့သော ၂၀၁၅ ခုနှစ် ဇွန်လတုန်းကလည်း ပါကစ္စတန်တောင်ပိုင်းတွင် အပူလှိုင်းဖြတ်ခြင်းကြောင့် လူပေါင်း ၁၂၀၀ ခန့်သေဆုံးခဲ့ရပြီး သေဆုံးသူ၏ ၃ ပုံ ၂ ပုံခန့်မှာ အိမ်ခြေယာခြေမဲ့များဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly