မြန်မာပရိသတ်တွေကို ပြောမပြနိုင်အောင် ကျေးဇူးတင်တယ်ဆိုတဲ့ မိုရီဆာကီဝင်း

မြန်မာပရိသတ်တွေကို ပြောမပြနိုင်အောင် ကျေးဇူးတင်တယ်ဆိုတဲ့ မိုရီဆာကီဝင်း
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ မေ ၂၃ ။                      ။ မြန်မာနိုင်ငံက အားပေးနေတဲ့ ပရိသတ်တွေကို ပြောမပြနိုင်အောင် ကျေးဇူးတင်တယ်လို့ အဆိုတော်နှင့် သရုပ်ဆောင် မိုရီဆာကီဝင်း က ပြောပါတယ်။

မေလ ၂၃ ရက်က ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ Fuji film ရဲ့ သံတမန်အဖြစ် မိုရီဆာကီဝင်းကို ခန့်အပ်ပွဲမှာ ပြောခဲ့တာပါ။

 “ ကျွန်တော် ဘယ်လိုလှုပ်ရှားနေတယ်ဆိုတာကို သိချင်နေကြတယ်ဆိုတာ ကျွန်တော့်အတွက် တကယ် အသက်ရှင်နေတာလားဆိုတာ။ အနုပညာရှင်မို့လို့ ပြောတာမဟုတ်ပါဘူး။ အနုပညာသမားတွေဆိုတာ အစ်ကိုတို့၊ အစ်မတို့ အားပေးတဲ့ ပရိသတ်တွေရှိလို့ နေတယ်ဆိုတော့ ဘယ်လိုခံစားရတယ်ဆိုတာ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလုံးလေးက အရမ်းပြောဖို့လည်း လွယ်တယ်။ ပေါင်းဖို့ကလည်း အရမ်းလွယ် တယ်။ ဒါပေမယ့် စကားနဲ့ပြောလို့ မရလောက်အောင် ခံစားရတာတွေ ကျွန်တော့်စိတ်ထဲမှာ အများကြီး ရှိပါတယ်။ အဲ့ခံစားချက်တွေကို နောက်ပိုင်း လုပ်နိုင်တာ အနုပညာတစ်ခုပဲရှိတဲ့အတွက် ဒီအနုပညာနဲ့ ကျေးဇူးဆပ်လို့ ရအောင်ဆက်ကြိုးစားသွားမယ်ဆိုတာ အမြဲတမ်းမြန်မာပြည်ပြန်လာတိုင်း စိတ်ထဲမှာ ကိုယ့်ကိုကိုယ် သွားပြီးတော့ သတိရမိတယ်ဗျာ” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံသို့ အခုတစ်ခေါက်ဆိုပါက ၄ ကြိမ် မြောက်ရှိပြီ ဖြစ်ပြီး ဒါ့အပြင် သူ့အနေဖြင့် နောက်တစ်ခါ မြန်မာပြည်ကိုလာရောက်ဖြစ်ပါက ပရိသတ်တွေနဲ့ တွေ့ဆုံနိုင်ရန် ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။

အဝင်း လို့ မြန်မာပရိသတ် လူသိများတဲ့ မိုရီဆာကီဝင်းက မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားပြီး အသက် ၁၀ နှစ် အရွယ်တွင် ဂျပန်နိုင်ငံသို့ မိဘတွေနဲ့အတူ ပြောင်းရွေ့နေထိုင်ခဲ့တာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ မြန်မာနိုင်ငံသားပတ်စ်ပို့ကိုင်ဆောင်ထားသူလည်း ဖြစ်ပါတယ်။

မကြာသေးခင်က ထွက်ရှိထားတဲ့ ဒါရိုက်တာစတီဗင်စပီးဘတ်ရိုက်ကူးတဲ့  Ready Player One ရုပ်ရှင်တွင် ဂျပန်ဆာမူရိုင်းဂိမ်းဇာတ်ကောင်အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly