အဓမ္မပြုကျင့်မှုဖြင့် တရားစွဲဆိုခံထားရသည့် အဆိုတော်အစ္စဏီအား စတုတ္ထအကြိမ်ရုံးထုတ်စစ်ဆေး

အဓမ္မပြုကျင့်မှုဖြင့် တရားစွဲဆိုခံထားရသည့် အဆိုတော်အစ္စဏီအား စတုတ္ထအကြိမ်ရုံးထုတ်စစ်ဆေး
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန် မေ ၂၃ ။                   ။ မော်ဒယ်စူးရှထက်ကို အဓမ္မပြုကျင့်မှုဖြင့် တရားစွဲဆိုခံထားရသည့် အဆိုတော်အစ္စဏီအား ရန်ကုန်မြို့၊ တာ မွေမြို့နယ်တရားရုံးတွင် မေလ ၂၃ ရက်နေ့ နေ့လည်ပိုင်းက စတုတ္ထအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

ဧပြီလ ၁၂ ရက်နေ့က အလိုမတူဘဲအဓမ္မပြုကျင့်ခဲ့ကြောင်း မော်ဒယ်စူးရှထက်က တာမွေမြို့နယ်ရဲစခန်းတွင် တိုင်ကြားခဲ့ပြီးနောက် အစ္စဏီအား မေလ ၁၀ ရက်နေ့က ပုဒ် မ ၃ ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုထားသူ တရားလို မော်ဒယ်စူးရှထက်သည် စတုတ္ထအကြိမ်မြောက် ရုံးထုတ်သည်အထိ တရားရုံးသို့ လာရောက်ခြင်းမရှိသေးဘဲ ၄င်း၏ လုံခြုံရေးအတွက် သက်ဆိုင်ရာက တာဝန်ယူပေးရန် စာတင်ထားကြောင်း ကြားသိရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

"သူရဲ့လုံခြုံမှုအတွက်ကို စိုးရိမ်ဖွယ်ရာရှိတယ်၊ နောက်ပြီးတော့ အင်တာနက်လူမှုကွန်ယက်စာမျက်နှာတွေမှာ သူ့ ကို သိက္ခာကျအောင်ဆောင်ရွက်တာတွေ တရားရုံးရှေ့ မှာ မထွက်ဆိုဝံ့အောင်လုပ်နေတာတွေကြောင့် သူက စိုးရိမ်တယ်ဆိုပြီးတော့ အကာအကွယ်ပေးဖို့ဆို တင်တာပဲ လေ" ဟု တရားလိုဖက်မှ လိုက်ပါဆောင်ရွက် ရန်ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

တရားလိုဖြစ်သူ မော်ဒယ်စူးရှထက်အား လုံလောက် သည့် လုံခြုံရေးပေးရမည်ဖြစ်ပြီး ရုံးသွားရမည့်နေ့ကို အကြောင်း မကြားသေးဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆက်ပြောသည်။

"လုံလောက်တဲ့လုံခြုံရေးလည်း သူ့ကိုပေးရမယ်လေ၊ အဲဒါ လေးတွေရှိတော့ မလာသေးဘူးပေါ့နော်၊ ကျွန်တော့်ကိုတော့ ဘယ်နေ့ရုံးသွားမယ်ဆိုတာ အကြောင်းမကြား သေးဘူး၊ အကြောင်းမကြားသေးတော့ ဘာမှလုပ်လို့မရ သေးဘူး၊ တရားဝင်ကိုယ်စားလှယ်လွှဲတာ လက်မှတ်ထိုး တာတွေမရှိသေးဘူး၊ အဲဒါကြောင့်လည်း ကျွန်တော်တို့ က ဒါကို စောင့်နေတာ" ဟု ဦးရောဘက်စန်းအောင်က ဆက်ပြောသည်။

စတုတ္ထအကြိမ်မြောက် ရုံးထုတ်စစ်ဆေးစဉ် တရားလိုအပါအဝင် အဆိုတော်အစ္စဏီ၏ မိသားစုများလည်း လာ ရောက်ခြင်းမရှိခဲ့ဘဲ ပဥ္စမမြောက်ရုံးချိန်းကို လာမည့် ဇွန် လ ၁ ရက်နေ့သို့ တရားရုံးက ထပ်မံချိန်းဆိုထား ကြောင်း သိရသည်။

အဆိုတော်အစ္စဏီအား တရားရုံးအမှတ် ၄၂၂/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆ (မုဒိမ်းမှုအတွက်ပုဒ်မ)/၃၂၃ (မိမိအလိုအလျောက် နာကျင်စေမှုအတွက် ပုဒ်မ)/၃၂၄( ဘေးဖြစ်သောလက်နက်ဖြင့် သို့မဟုတ် မိမိ အလိုအလျောက်နာကျင်စေမှုပုဒ်မ)တို့ဖြင့် တာမွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly