အာဆင်နယ်နည်းပြဖြစ်လာတော့မည်ဟု အမ်မရီအတည်ပြု

အာဆင်နယ်နည်းပြဖြစ်လာတော့မည်ဟု အမ်မရီအတည်ပြု

 

မေ ၂၃၊ လန်ဒန်။                            ။ အူနိုင်း အမ်မရီသည် အာစင်ဝင်းဂါး၏နေရာတွင် အာဆင်နယ်နည်းပြဖြစ်လာတော့မည်ဟု ၎င်း၏တရားဝင်ဝက်ဘ်ဆိုက်တွင် အတည်ပြုခဲ့သည်။

အနီရောင်နောက်ခံတွင် အာဆင်နယ်အမှတ်တံဆိပ်အပြင် ၎င်း၏ဓါတ်ပုံကိုပါ စပိန်လူမျိုးနည်းပြက တွစ်တာနှင့်ချိတ်ဆက်ထား သော ဝက်ဘ်ဆိုက်တွင် တင်ထားခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းက ၎င်းတို့၏နည်းပြသစ်ကို အတည်ပြုကြေညာရခြင်းမရှိသေးသော်လည်း ဓါတ်ပုံပေါ်တွင် အမ်မရီက “အာဆင်နယ်မိသားစုဝင်ဖြစ်လာတော့မှာကို ဂုဏ်ယူပါတယ်”ဟု စာတန်းထိုးထားသည်။

အင်္ဂါနေ့က တင်ထားခဲ့ခြင်းဖြစ်ပြီး ခဏအကြာတွင် ပြန်လည်ဖြုတ်ချသွားခဲ့သည်။ အာဆင်နယ်အသင်းသည် အာစင်ဝင်းဂါး ထွက်ခွာသွားပြီးနောက် ၂၂ အတွင်းပထမဆုံးအကြိမ်အဖြစ် နည်းပြသစ်ကို ယခုတစ်ပတ်နှောင်းပိုင်းတွင် မိတ်ဆက်ပွဲပြုလုပ် ဖွယ်ရှိသည်။

အသက် ၄၆ နှစ်အရွယ်နည်းပြအမ်ရီမှာ အာဆင်နယ်အသင်း မူလပထမရွေးချယ်ထားသည့် အာတီတာကို ကျော်ပြီး အသင်းတာဝန်ရှိသူများ ပိုမိုစိတ်ဝင်စားအောင် နောက်ဆုံးမိနစ်ရောက်မှ ဆွေးနွေးနိုင်ခဲ့သည်ဟု ယူဆရသည်။

အာတီတာမှာ အပြောင်းအရွှေ့ကိစ္စဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အဆင်မပြေခဲ့ကာ အမ်မရီမှာမူ အဆင်ပြေအောင် ဆွေးနွေးနိုင်ခဲ့သည်ဟု ယူဆရသည်။

အမ်မရီအနေဖြင့် အပြောင်းအရွှေ့အသုံးစရိတ်ကန့်သတ်ချက် ပေါင်သန်း ၅၀ အတွင်းဝင်အောင် လုပ်ဆောင်နိုင်မည်ဟု ယူဆရပြီး တစ်နှစ်ပေါင် ၅ သန်းတန် သုံးနှစ်စာချုပ် ချုပ်ဖွယ်ရှိသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly