ဒူးရင်းသီးနဲ့ သင့်ကျန်းမာရေး

ဒူးရင်းသီးနဲ့ သင့်ကျန်းမာရေး

ရေးသားသူ Phyo Pyae Pyae
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

သင်ဟာဒူးရင်းသီး အရမ်းကြိုက်တဲ့သူလား ဒါမှမဟုတ် အနံ့တောင် မခံနိုင်တဲ့သူလား။ အကယ်လို့ ဒူးရင်းသီး အရမ်းကြိုက်တဲ့သူဆိုရင်တော့ ဒူးရင်းသီးက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးကို သိထားသင့်ပါတယ်။ ဒူးရင်းသီးစားရင် ခေါင်းမူးတယ်၊ သွေးတိုးတယ်ဆိုတာတွေ ရှိပေမယ့် တခြားကျန်းမာရေး ကောင်းတာတွေလည်း ရှိပါသေးတယ်။

ဒူးရင်းသီးမှာ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ကော့ပါးတို့ ပါဝင်တာကြောင့် အရိုးအဆစ်တွေ သန်မာစေဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် အသက်အရွယ်ကြီးလာတဲ့အခါမှာ အရိုးပါးရောဂါတွေ မဖြစ်စေဖို့ ကာကွယ်တားဆီးပေးတာမျိုးလည်း လုပ်ဆောင်ပေးပါတယ်။

ဒူးရင်းသီးမှာ သတ္တုဓါတ်တွေ များများပါဝင်တာအပြင် ဖောလစ်အက်ဆစ် ပမာဏလည်း မြင့်မားစွာ ပါဝင်တာမို့ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ်။ ဒူးရင်းသီးမှာ ကော့ပါးနဲ့ သံဓါတ်တွေလည်း ပါဝင်တာမို့ သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေ ပျောက်ကင်းစေပါတယ်။

ဒူးရင်းသီးမှာ အများစု ပါဝင်တဲ့ ဗီတာမင်တွေနဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေဟာ ကင်ဆာရောဂါတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်မှုတွေ များများပါဝင်တာက ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ ကိုယ်ခံအားစနစ်မကောင်းခြင်းကို လျှော့ကျစေပါတယ်။ နောက်ပြီး ဒူးရင်းသီးမှာ ဗီတာမင် စီ၊ ဘီ၊ အီးတွေပါဝင်တာကြောင့် ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။

ဒူးရင်းသီးမှာ ဗီတာမင်တွေ ပါဝင်တာဟာ ခန္ဓာကိုယ်ထဲက free radicals တွေကို လျှော့ချပေးနိုင်တာမို့ အသက်အရွယ်မတိုင်ခင် ကြီးရင့်ခြင်းတွေ ဖြစ်တာကနေ ကာကွယ်ပေးပါတယ်။ အရေးအကြောင်းဖြစ်ခြင်း၊ ကြွက်သားများ ပြေလျော့ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သွားကျိုးခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်းတွေကို ကာကွယ်ပေးပါတယ်။

ဒူးရင်းသီးမှာ အမျှင်ဓါတ်တွေ များများ ပါဝင်တာကလည်း အစာခြေစနစ်ရဲ့ လှုပ်ရှားမှုနဲ့ အစာခြေရည်ထွက်လာဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒီလိုမျိုး လှုံ့ဆော်နိုင်တာကြောင့် ဝမ်းချုပ်ခြင်း၊ အူလမ်းကြောင်းပိတ်ဆို့ခြင်း၊ ဗိုက်တင်းပြီးရစ်နာခြင်းတွေကို လျှော့ကျစေတဲ့အပြင် အူမကြီးကင်ဆာ မဖြစ်စေပါဘူး။ ဒူးရင်းသီးရဲ့ အမျှင်ဓါတ်က မပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ဖြစ်တာကြောင့် ဝမ်းလျှောခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

ဒူးရင်းသီးဟာ အရွယ်မတိုင်မီ အသက်ကြီးရင့်ပုံပေါက်ခြင်းကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ ဒူးရင်းသီးမှာ ဗီတာမင်တွေ ပါဝင်ပြီး ဓါတ်တိုးဆန့်ကျင်မှုတွေလည်း ရှိတာကြောင့် Free radicals တွေကို လျှော့ကျစေပါတယ်။ ဒူးရင်းသီးဟာ အရေးအကြောင်း၊ အစက်အပြောက်၊ ကြွက်သားများ လျှော့ရဲခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ သွားကျိုးခြင်းတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဒူးရင်းသီးလေး စားပေးဖို့ မမေ့နဲ့နော်။

ဒူးရင်းသီးမှာ  သွေးနီဥဆဲလ် ထုတ်လုပ်မှုအတွက် အရမ်းကိုအရေးပါတဲ့ သတ္တုဓါတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် သွေးနီဥဆဲလ်တွေ ကောင်းမွန်စွာ ဖြစ်ပေါ်လာဖို့အတွက် အဓိက လိုအပ်တဲ့ သံဓါတ်နဲ့ ကော့ပါးတို့လည်း ပါဝင်ပါတယ်။ ဒီလိုမျိုး သွေးနီဥဆဲလ်တွေ ကောင်းမွန်နေမယ်ဆိုရင်တော့ သွေးအားနည်းရောဂါတွေ မဖြစ်တော့ပါဘူး။

ဒူးရင်းသီးအများကြီးစားတဲ့အခါ ရင်ပူရင်ဆာ ဖြစ်တာတွေလည်း ရှိနိုင်ပါသေးတယ်။ ဒါကြောင့် အရမ်းပူတဲ့ ရာသီမှာ ဒူးရင်းသီးစားတဲ့အခါ ချင့်ချိန်ပြီး စားဖို့ တိုက်တွန်းလို်က်ပါတယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly