ချမ်းသာလာဖို့နေ့စဉ် အလေ့အကျင့် ၁၀ ချက်

ချမ်းသာလာဖို့နေ့စဉ် အလေ့အကျင့် ၁၀ ချက်

သင့်ရဲ့ နေ့စဉ်လုပ်နေကျ အလုပ်ကလေးတွေက သင့်ရဲ့ ကြွယ်ဝမှုကို သက်ရောက်မှုရှိနေ တယ်ဆိုတာ သိပါသလား။ နေ့စဉ်လုပ်နေကျ အမူအကျင့်ကလေးတွေကပဲ အနာဂတ် သင့်ရဲ့ အောင်မြင်မှုနဲ့ ချမ်းသာနိုင်မှု အခွင့်အလမ်းတွေကို ခန့်မှန်းပေးနိုင်ပါတယ်။ ဒါကြောင့် သင့်အိတ်ကပ် ထဲမှာ ငွေအမြဲ ပြည့်နေဖို့အတွက် သိသင့်တဲ့ အလေ့အကျင့် ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နေ့စဉ် ရည်မှန်းချက် ချမှတ်ပါ။

ရေရှည်ရည်မှန်းချက် ချမှတ်ကြပြီးတော့ မေ့သွားတတ်ကြတာ လူအများစုရဲ့ သဘာဝပါ။ ဒါကြောင့် ပိုပြီးတော့ လက်တွေ့ဆန်တဲ့ တနေ့တာ ဘာ ပြီးအောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်လေးတွေ ကိုနေ့စဉ် ချမှတ်သွားပါ။

၂။ နားထောင်ကောင်းသူ ဖြစ်ဖို့ လေ့ကျင့်ပါ။

နားထောင်ကောင်းခြင်းဟာ အခြားသူတစ်ဦးက ကိုယ့်ဆီ ဘာလိုချင်တယ်ဆိုတာ သိနားလည် အောင် လုပ်နိုင်တဲ့ အရည်အသွေး တစ်ခုပဲ ဖြစ်ပါတယ်။ ဥပမာ၊ သင်ဟာ လုပ်ငန်းတစ်ခုကို အစပြုသူ ဖြစ်ပါက စကားနည်းပြီး များများနားထောင်ခြင်းဟာ အောင်မြင်မှုအတွက် သော့ချက်တစ်ခု ဖြစ်ပါ တယ်။ များများနားထောင်မှ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေကို ပိုပြီးကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

၃။ သင့်ကျန်းမာရေးကို ဂရုစိုက်ပါ။

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားတွေ စားသောက်ခြင်း ကအောင်မြင်မှုအတွက် အရေးပါပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သင့်ရဲ့ လုပ်နိုင်စွမ်းပိုပြီး တိုးတက် လာမယ်၊ အလုပ်တွေပိုပြီး လုပ်လာနိုင်တယ်ဆိုတာ တွေ့လာရမှာပါ။

၄။ တီဗီကြည့်ချိန် ကန့်သတ်ထားပါ။

အောင်မြင်နေတဲ့ သူအများစုကို ကြည့်ရင် တီဗီကြည့်ချိန် တစ်ရက်ကို တစ်နာရီထက် မပိုကြ ပါဘူး။ တချို့က ကြည့်တောင် မကြည့်ကြပါဘူး။ ဘာလို့လဲဆိုတော့ တီဗီကြည့်နေတဲ့အချိန်မှာ ပိုပြီး အကျိုးရှိတဲ့ အလုပ်တွေလုပ်ရင် ပိုပြီးထိရောက်တယ်လို့ သူတို့ သိကြပါတယ်။

၅။ မိတ်ဆွေတွေနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့၊ စေတနာ့ဝန်ထမ်း လုပ်ပါ။

မိတ်ဆွေသင်္ဂဟ ပေါများခြင်းရဲ့ အစွမ်းကို အထင်မသေးလိုက်ပါနဲ့။ အသိအကျွမ်းများခြင်းနဲ့ အကူအညီ ပေးတတ်ခြင်းဟာ ချမ်းသာလာမယ်လို့ ခန့်မှန်းနိုင်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

၆။ နေ့စဉ် စာဖတ်ပါ။

စာဖတ်ခြင်းဟာ အသိပညာ တိုးတက်စေရုံမက လောကကြီးကို တခြားသူနဲ့ အမြင်မတူဘဲ ပိုမို မြင်တတ်လာမှာပါ။ သင်ကြိုက်နှစ်သက်တဲ့ စာအုပ်ကို ယူပြီး တစ်ရက်ကို ၃၀ မိနစ်လောက ်ဖတ်ပါ။ ဒါမှမဟုတ် သင့်ရဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တိုးတက်ဖို့အတွက် ပညာရပ်ဆိုင်ရာ စာအုပ်တွေ ဖတ်ရှုနိုင်သလို ပညာရပ်ကို အမြဲသစ်လွင်နေအောင်လို့ ဝက်ဘ်ဆိုက်တွေကိုလည်း အမြဲလေ့လာနိုင် ပါ တယ်။

၇။ သင့်ရဲ့ အရည်အသွေးတွေကို ထက်မြက်အောင် လုပ်ပါ။

အရည်အသွေး တိုးတက်လာပါမှ လုပ်ငန်းခွင်မှာ အောင်မြင်လာမှာပါ။ သင့်ရဲ့ ပါရမီနဲ့ ပညာရပ် မှာ ရင်းနှီးမြှုပ်နှံမှသာ လုပ်ငန်းအောင်မြင်မယ်၊ ဒါမှမဟုတ် ရာထူးတိုးမယ်၊ ပိုပြီးဆွဲဆောင်မှုရှိတဲ့ လစာပေး မယ့် အလုပ်မျိုး ရနိုင်မှာပါ။

၈။ အကောင်းမြင်ပါ။

အကောင်းတွေးမြင်ခြင်းဟာ သင့်ရဲ့ အမြင်ဆိုးတွေကို ဖယ်ထုတ်ပေးနိုင်ရုံမကဘဲ ကိုယ့်ကိုယ် ကိုယ် ကန့်သတ်မိတဲ့ အတွေးတွေကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ လာမယ့် အခွင့်အလမ်းတွေအတွက် အမြဲတမ်း တံခါးဖွင့်ထားတဲ့သူ ဖြစ်ပါစေ။

၉။ ပိုက်ဆံစုပါ။

လေ့လာမှုတွေအရ ငွေကို ကောင်းကောင်း စီမံခန့်ခွဲနိုင်သူတွေဟာ ချမ်းသာလာတယ်လို့ တွေ့ရပါတယ်။ သင့်ရဲ့ ကုန်ကျစရိတ်ကို ထိန်းသိမ်းထားနိုင်ပြီး ပုံမှန်ငွေကြေး စုမိပါက အချိန်နဲ့အမျှ သင်ရဲ့ငွေ ဘဏ္ဍာတိုက် ကြီးမားသထက် ကြီးမားလာမှာပါ။

၁၀။ သင့်နဲ့ စိတ်တူကိုယ်တူရှိတဲ့ သူတွေနဲ့ အပြင်ထွက်ပါ။

ကိုယ့်နဲ့ စိတ်တူကိုယ်တူရှိတဲ့ အပေါင်းအသင်းများနဲ့ အချိန်ယူပါက အချင်းချင်း အထင်အမြင်နဲ့ အခွင့်အလမ်းများကို ဝေမျှနိုင်မှာပါ။ သူတို့တွေဟာလည်း သင့်ရဲ့ အောင်မြင်မှုကို ကူပံ့ပေးနိုင်မှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags