၂၀၁၈ ကမ္ဘာ့ဖလားသီချင်းကို အတူတကွသီဆိုကြမည့် မင်းသားဝီလ်စမစ်နှင့် နစ်ကီဂျမ်း

၂၀၁၈ ကမ္ဘာ့ဖလားသီချင်းကို အတူတကွသီဆိုကြမည့် မင်းသားဝီလ်စမစ်နှင့် နစ်ကီဂျမ်း

ရုရှားနိုင်ငံတွင်ကျင်းပမည့် ဖီဖာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်ပြိုင်ပွဲဝင်သီချင်းကို နာမည်ကြီး မင်းသားဝီလ်စမစ်နှင့် အဆိုတော်နစ်ကီဂျမ်းတို့က ကိုဆိုဗိုအဆိုတော် အီရာအစ္စတရီဖီနှင့်အတူ သီဆိုကြမည် ဖြစ်ကြောင်း Billboard က ဖော်ပြခဲ့သည်။

ယင်းသီချင်းကို အမေရိကန်ဒီဂျေပညာရှင် Diplo က တီးခတ်ထုတ်လုပ်မည်ဖြစ်ပြီး မေလ ၂၅ ရက်နေ့တွင် ထွက်ရှိမည်ဟု သိရသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်သက်ဆိုင်သော သီချင်းအများအပြား ခေတ်အဆက်ဆက်ထွက်ရှိခဲ့သော်လည်း တရားဝင်ပြိုင်ပွဲဝင်သီချင်းမှာ ကမ္ဘာ့ဖလားဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားတို့တွင် ဖျော်ဖြေရလေ့ရှိပြီး ကမ္ဘာတစ်ဝန်း ကြည့်ရှုသူပေါင်း ၂ ဘီလျံခန့်ရှိသည်။

ပြီးခဲ့သောကမ္ဘာ့ဖလားပြိုင်ပွဲများ၌ နာမည်ကြီးခဲ့သော တရားဝင်သီချင်းများမှာ ရှာကီရာ၏ Waka Waka သီချင်း နှင့် ရစ်ကီမာတင်၏ The Cup of Life တို့ဖြစ်ကြပြီး ကမ္ဘာတစ်ဝန်းနာမည်ကျော်ကြားခဲ့သည်။

နစ်ကီဂျမ်း၏မန်နေဂျာဖြစ်သူ ဟွမ်ဒီယေဂိုမီဒီနာနှင့် ပြုလုပ်ခဲ့သောအင်တာဗျူးအရ နစ်ကီဂျမ်းနှင့် ၀ီလ်စမစ်တို့ သည် သီချင်းအတွက်အပြီးသတ်ရန် ဘူဒါပတ်စ်မြို့သို့ရောက်ရှိနေကြပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ တရားဝင် သီချင်းကို လာမည့်သောကြာနေ့တွင် ဖြန့်ချီသွားမည်ဟု သိရသည်။

Ref: Billboard

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly