ဆိုရှယ်မီဒီယာစောင့်ကြည့်ရေး အဖွဲ့သည် နိုင်ငံ၏အချုပ်အခြာနှင့် ပြည်ပသွေးထိုးမှုများကို ကာကွယ်ရန် ဖွဲ့ထားခြင်းဟု ဆို

ဆိုရှယ်မီဒီယာစောင့်ကြည့်ရေး အဖွဲ့သည် နိုင်ငံ၏အချုပ်အခြာနှင့် ပြည်ပသွေးထိုးမှုများကို ကာကွယ်ရန် ဖွဲ့ထားခြင်းဟု ဆို

 

နေပြည်တော်၊ မေလ ၂၁ ။         ။ ကျပ်သန်းပေါင်း ၆၀၀၀ ကျော် အကုန်အကျခံကာ ဖွဲ့စည်းထားသော ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့ (Social Medial Monitoring Team -SMMT) အဖွဲ့ သည် ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရန်နှင့် မြန်မာနိုင်ငံအရေးတွင် ပြည်ပမှသွေးထိုးမှုများကို ဆိုရှယ်မီဒီယာမှဖြစ်စေ တိုက်ခိုက်မှုများကို ကာကွယ်ရန် ဖွဲ့ထားခြင်းဖြစ်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောသည်။

“ရည်ရွယ်ချက်သည် ကျွန်တေ်ာတို့ နိုင်ငံသူ နိုင်ငံသားများနဲ့ကျွန်တေ်ာတို့ နိုင်ငံတော်အစိုးရ၊ ကျွန်တေ်ာတို့ရဲ့ အချုပ်ခြာ အာဏာကိုထိပါးနေတဲ့ဟာ ဘယ်ကောင် ဘယ်သူထိပါးနေလဲ၊ ဘယ်လိုထိပါးနေလဲဆိုတာကို ကျွန်တေ်ာတို့ မသိလိုက်ဘဲနဲ့ တစ်ချိန်မှာ သိလိုက်တဲ့ အချိန်မှာ နောက်ကျပြီးတော့ ခံလိုက်ရမှာ ကြောက်တဲ့ အတွက် ဒါကိုလုပ်ထားတာ ဖြစ်တယ်”ဟု ဦးဝင်းခန့်က ပြောသည်။

မေလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သော နိုင်ငံတော်အစိုးရ၏ ဒုတိယ ၁ နှစ်တာ ကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယအတွင်းဝန် ဦးဝင်းခန့်က ပြောခဲ့ခြင်း ဖြစ်သည်။

အဆိုပါ Smmt အဖွဲ့စည်းအတွက် ကျပ်သန်းပေါင်း ၆၀၀၀ကျော်သုံးစွဲခဲ့ပြီး ၄င်းတို့ အနေဖြင့် နိုင်ငံတွင်းရှိ ပြည်သူ၊ ပြည်သားများကို စောင့်ကြည့်သည့် လုပ်ရပ်မျိုး လုပ်ဆောင်သွားမှာ မဟုတ်ကြောင်း ဦးဝင်းခန့်က ဆက်လက်ပြောကြားသည်။

“ကျွန်တေ်ာတို့ဆီမှာရှိတဲ့ ဘယ်သူ့ကိုမှ ဘာသမားဖြစ်ဖြစ် ဘာကိုမှ ဒုက္ခပေးဖို့ မရှိဘူး။ ကျွန်တော်တို့မှာ လက်ရှိ ဥပဒေတွေလည်း ပြဌာန်းထားတယ်။ အဲ့ဥပဒေတွေကို တစ်စွန်းတစ်စမှ ကျွန်တေ်ာတို့က စော်ကားမော်ကား လုပ်စရာအကြောင်းမရှိဘူး။အစိုးရလုပ်တဲ့အလုပ်သာဖြစ်တဲ့အတွက်သေသေချာချာယုံကြည်ပေးပါ။ကျွန်တေ်ာ့ပြည်သူ ပြည်သားများ ကျွန်တေ်ာတို့ နိုင်ငံသူ နိုင်ငံသားများအတွက် ကျွန်တေ်ာတို့ အဖွဲ့အစည်းများ အတွက် လုံးဝမဟုတ်ဘူး” ဟု ၄င်းက ဆက်လက်ပြောသည်။

တစ်ဖက်တွင် လည်း ဆိုက်ဘာ ဥပဒေတစ်ရပ်ကို ရေးဆွဲရန် ပြည်တွင်း ၊ ပြည်ပ ရှိ ဥပဒေများကို ကျွမ်းကျင် သူများနှင့် နိုင်ငံတကာ ဥပဒေများကို ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များ ပါသော အဖွဲ့များနှင့် ၀ိုင်းဝန်းပြင်ဆင်နေပြီ ဖြစ်သည်ဟု အမျိုးသား ဆိုက်ဘာ လုံခြုံရေးဗဟိုဌာနက ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly