မိုးကုတ် လေးလောင်းပြိုင်လူသတ်မှု သံသယရှိသူသုံးဦးကို စစ်ဆေး

မိုးကုတ် လေးလောင်းပြိုင်လူသတ်မှု သံသယရှိသူသုံးဦးကို စစ်ဆေး

မေ၂၀ ။          ။ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စုတွင် မေလ ၁၇ ရက်နေ့ကဖြစ်ပွားခဲ့သည့် မိသားစု ၄ ဦး အသတ်ခံခဲ့ရခြင်းနှင့်ပတ်သက်ပြီး သံသယရှိသူ ၃ ဦးကိုစစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ ပထမတန်း ဒုတိယရဲမှူးကြီး တင်ဇော်ထွန်းက"ခုလောလောဆယ်တော့ စုံစမ်းနေဆဲပဲ ပြောရမှာပါ။ လူသုံးယောက်ကိုတော့ စစ်ဆေးနေတာရှိပါတယ်။ သံသယနဲ့ စစ်နေတာပေါ့။"ဟုပြောသည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေကြောင်းသိရသည်။

မိုးကုတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ စိန်အင်းကျေးရွာနှင့် ၁၀မိုင်ခန့်ဝေးသော တောင်ယာခြံအတွင်း၌ အသက် ၄၉ နှစ်အရွယ် ဦးရန်တား၊ အသက် ၄၂ နှစ်အရွယ် ဒေါ်စံလူမီး၊ အသက် ၁၅ နှစ်အရွယ် မောင်အလေးနှင့်အသက် ၁၀နှစ် အရွယ် မအာဝူမီးတို့ အသတ်ခံခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly