ရွေးကောက်ပွဲမဲရလာဒ်ကို လူအားလုံးလေးစားလက်ခံရမည်ဟု ဗင်နီဇွဲလားသမ္မတမာဒူယို ပြောဆို

ရွေးကောက်ပွဲမဲရလာဒ်ကို လူအားလုံးလေးစားလက်ခံရမည်ဟု ဗင်နီဇွဲလားသမ္မတမာဒူယို ပြောဆို

ကာရာကတ်စ်၊ ဗင်နီဇွဲလား၊ မေ ၂၀ ။         ။ အီကွေဒေါသမ္မတဟောင်း ရာဖေးကော်ရီရာနှင့် စပိန်ဝန်ကြီးချုပ် ဂျိုဆေးလုဇ်ရိုဒရီဂွက်ဇ် ဇာပါတာရိုတို့ အပါ အဝင် နိုင်ငံပေါင်း ၄၀ ကျော်မှ နိုင်ငံတကာရေးစောင့်ကြည့်လေလာသူများက ဗင်နီဇွဲလားနိုင်ငံ၏ ရွေးကောက်ပွဲ မဲပေးစနစ်သည် ပွင့်လင်းမြင်သာမှုရှိသည်ဟု တစ်ညီတစ်ညွတ်တည်း အတည်ပြုပေးခဲ့ကြပြီး မေလ ၂၀ ရက်နေ့ တွင် ကျင်းပမည့် ရွေးကောက်ပွဲများကို လေးစားသမှုရှိဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့ကြသည်။

ဗင်နီဇွဲလားနိုင်ငံ ကာရာကတ်စ်မြို့သို့ ယခုလအစောပိုင်းတွင်ရောက်ရှိလာခဲ့သည့် ဇာပါတာရိုက ဥရောပသမဂ္ဂ အနေဖြင့် ရွေးကောက်ပွဲကိုလေ့လာစောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံခဲ့သည့် ဗင်နီဇွဲလားသမ္မတ နစ်ကိုးလပ် မာဒူယို၏ ဖိတ်ကြားချက်ကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သောကြာနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

သောကြာနေ့အစောပိုင်းကပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဇာပါတာရိုက ဗင်နီဇွဲလားပြည်သူများအနေ ဖြင့် မဲပေးဖို့ ခြိမ်းခြောက်အကြပ်ကိုင်ခံနေရသည်ဆိုသော ပြောဆိုချက်များမှာ မှန်ကန်ခြင်းမရှိကြောင်း ငြင်းဆန် ခဲ့သည်။ ဒါ့အပြင် ရွေးကောက်ပွဲများပြီးဆုံးသွားသောအခါတွင် ဗင်နီဇွဲလားအတိုက်အခံများနှင့် အစိုးရအဖွဲ့တို့ ကြား တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် သူ့အနေဖြင့် အကူအညီပေးလိုကြောင်း ပြောကြားခဲ့သည်။

သောကြာနေ့က ထုတ်ပြန်ခဲ့သော ရုပ်သံသတင်းကြေညာချက်ထဲ၌ ဗင်နီဇွဲလားသမ္မတမာဒူယိုက သူ့အနေဖြင့် ရွေးကောက်ပွဲ၌ မည်သည့်ရလာဒ်မျိုး ထွက်ပေါ်လာသည်ဖြစ်စေ အားလုံးကို လေးစားသမှုနှင့်လက်ခံမည်ဟု ကတိပေးခဲ့သည်။

“တနင်္ဂနွေနေ့မှာကျင်းပမယ့် မဲပေးမှုအတွင်းက ထွက်ပေါ်လာမယ့်မဲရလာဒ်ကို ကျုပ်ကျေကျေနပ်နပ်ကြီး လက်ခံသွားမှာပါ” ဟု မာဒူယိုက ဆိုခဲ့သည်။

နစ်ကိုးလပ်စ်မာဒူယို၏ ယခုလိုပြောကြားချက်ကို နိုင်ငံတကာအသိုင်းအဝန်းမှ စောင့်ကြည့်လေ့လာသူများက လက်ခံကြိုဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly