အာဖဂန်နစ္စတန်တွင် ကရစ်ကတ်ပြိုင်ပွဲအတွင်း သုံးကြိမ်ဆင့် ပေါက်ကွဲမှုများဖြစ်၍ လူ ၈ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရ

အာဖဂန်နစ္စတန်တွင် ကရစ်ကတ်ပြိုင်ပွဲအတွင်း သုံးကြိမ်ဆင့် ပေါက်ကွဲမှုများဖြစ်၍ လူ ၈ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရ

ကဘူးလ်၊ မေ ၁၉ ။        ။ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် မေ ၁၈ ရက် ညက ကရစ်ကတ်ပြိုင်ပွဲ ယှဉ်ပြိုင်စဉ်အတွင်း သုံးကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ရာ လူ ရှစ်ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရကြောင်း တာဝန်ရှိသတင်းရင်းမြစ်က အီးပီအေသတင်းဌာနသို့ မေ ၁၉ ရက်တွင် ပြောသည်။

ပြည်နယ်မြို့တော် ဂျာလာလာဘတ်ရှိ အားကစားရုံတွင် ပြည်တွင်းအဖွဲ့များ ယှဉ်ပြိုင်မှုကို ရာပေါင်းများစွာ ကြည့်ရှုနေကြစဉ် ညလယ်ဝန်းကျင်မှာ ပေါက်ကွဲမှုများ   ဖြစ်ပွားကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ပြောခွင့်ရသူ ခိုခါယန်နိုင်းက ဆိုသည်။

ပွဲကြည့်ပရိသတ်များကြားတွင် ထိုသို့ သုံးကြိမ်ပေါက်ကွဲမှုများကြောင့် ရှစ်ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရခြင်း ဖြစ်ကြောင်း ခိုခါယန်နိုင်းက ပြောသည်။

ဒဏ်ရာရသူများတွင် ခုနစ်ဦးက စိုးရိမ်ရပြီး ရှစ်ဦးမှာ ပြနယ်ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်သည်။ ပွဲစီစဉ်သူ ဇာဟားလည်း သေဆုံးသွားကြောင်း ၎င်းပြောခွင့်ရသူက ဖြည့်စွက်ဆိုသည်။

ကရစ်ကတ်ပွဲများ ယခုကျင်းပချိန်သည် မွတ်စလင်ရာမာဇန်ဥပုသ်လနှင့်လည်း တစ်ချိန်တည်းဖြစ်နေပြီး ပြီးခဲသည့်လများအတွင်း အစွန်းရောက်တိုက်ခိုက်မှုအချို့ ဖြစ်ပွားထားရာ ဂျာလာလာဘတ်မြို့မှ နယ်ခံအဖွဲ့အချို့ ပါဝင်သည့် ပွဲလည်း ဖြစ်သည်။

ယခုအထိ မည်သည့်အဖွဲ့ကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly