ဖနွမ်းပင်ပို့စ်သတင်းစာ ပိုင်ရှင်သစ်က အာဏာပိုင်များနှင့် ချိတ်ဆက်မှု မရှိဟု ငြင်းဆန်

ဖနွမ်းပင်ပို့စ်သတင်းစာ ပိုင်ရှင်သစ်က အာဏာပိုင်များနှင့် ချိတ်ဆက်မှု မရှိဟု ငြင်းဆန်

ဖနွမ်းပင်၊ မေ ၁၉ ။        ။ ပြဿနာများ ကြံုနေရသည့် ကမ္ဘောဒီးယားနိုင်ငံက အထင်ကရ ဖနွမ်းပင်ပို့စ်သတင်းစာ ပိုင်ရှင်သစ်သည် အစိုးရနှင့် ချိတ်ဆက်မှု မရှိကြောင်း ငြင်းဆန်ကာ အယ်ဒီတာလွတ်လပ်ခွင့်ကို စိုးရိမ်၍ ဂျာနယ်လစ်အများအပြား နုတ်ထွက်ကြခြင်းကိစ္စရပ်အပေါ် ခုခံပြောဆိုသည်။

ဇူလိုင်လတွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ် ဟွန်ဆန်က အတိုက်အခံအားလုံးကို နှိမ်နင်းမှုများ လုပ်ဆောင်နေသည့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ယင်းသတင်းစာကို မလေးရှားရင်းနှီးမြုပ်နှံသူ စီဗာကူမားက ပြီးခဲ့သည့် ဝယ်ယူခဲ့ရာ လွတ်လပ်စွာထုတ်ဖော်ခွင့်အရေး လှုပ်ရှားသူများကြား စိုးရိမ်မှု ဖြစ်ပွားနေခဲ့ရသည်။

ဝယ်ယူသူသည် ကမ္ဘောဒီးယားအစိုးရအတွက် ယခင်က အလုပ်လုပ်ပေးခဲ့ဖူးသည့် Asia PR ကုမ္ပဏီကိုလည်း ပိုင်ဆိုင်သူဖြစ်၍ အာဏာရပါတီနှင့် ဆက်စပ်ပတ်သက်မှုရှိနေမည်ဟု စိုးရိမ်ထင်ကြေးများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ဝန်ကြီးချုပ် ဟွန်ဆန်က ဒီမိုကရေစီနုနယ်သော နို်င်ငံအတွင်းက တစ်ချိန်က တက်ကြွစွာ လှုပ်ရှားခဲ့သည့် မီဒီယာများအပေါ် နှိပ်ကွပ်နေခဲ့ခြင်း ဖြစ်သည်။ အကျင့်ပျက်ခြစားမှုဒဏ် ခါးစည်းခံနေရသည့် နို်င်ငံတွင် စောင့်ကြည့်ရေးမဏ္ဍိုင် အနည်းငယ်တွင် ဖနွမ်းပင်ပို့စ်ကလည်း တစ်ခုအပါအဝင် ဖြစ်သည်။

ဖနွမ်းပင်ပို့စ် သတင်းစာ၏ အဓိကပြိုင်ဖက်ဖြစ်သည့် Cambodia Daily သတင်းမီဒီယာကြီးမှာလည်း ပြီးခဲ့သည့်နှစ်က ပိတ်သိမ်းခံရသည့် မီဒီယာများတွင် ပါဝင်သွားခဲ့သည်။

၂၀၁၈ ရွေးကောက်ပွဲတွင် အနိုင်ရရမည်ဟု စိတ်ပိုင်းဖြတ်ထားသော ဟွန်ဆန်က ဝေဖန်သူများကို ကျယ်ကျယ်ပြန့်ပြန့် နှိပ်ကွပ်လျက် ရှိနေခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly