ပထမဦးဆုံး အမျိုးသမီးစီအိုင်အေညွှန်ကြားရေးမှူးအဖြစ် ဂျီနာဟတ်စ်ပယ်ကို အမေရိကန်လွှတ်တော် ရွေးချယ်

ပထမဦးဆုံး အမျိုးသမီးစီအိုင်အေညွှန်ကြားရေးမှူးအဖြစ် ဂျီနာဟတ်စ်ပယ်ကို အမေရိကန်လွှတ်တော် ရွေးချယ်

၀ါရှင်တန်၊ အမေရိကန်၊ မေ ၁၈ ။                 ။ အမေရိကန်ဥပဒေပြုအထက်လွှတ်တော်က ပထမဦးဆုံးအမျိုးသမီး စီအိုင်အေညွှန်ကြားရေးမှူးအဖြစ် ဂျီနာဟတ်စ်ပယ် ကို ရွေးချယ်ခန့်အပ်ကြောင်း ကြာသာပတေးနေ့တွင် အတည်ပြုခဲ့သည်။

သူမသည် အတိတ်ကာလတုန်းက အကြမ်းဖက်သံသယတရားခံများအပေါ် ရက်စက်ကြမ်းတမ်းသော စစ်ကြောရေးဝင်ခြင်းများအတွင်း ပါ၀င်ပက်သက်ခဲ့မှုအတွက် အချို့သောလွှတ်တော်အမတ်များက သူမ၏ စွမ်းဆောင်ရည်အပေါ် သံသယဝင်နေသော်လည်း ယခုလိုရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရွေးချယ်တင်မြှောက်လိုက်သည့် ဗဟိုထောက်လှမ်းရေးအေဂျင်စီ၏ ခေါင်းဆောင်ကို တရားဝင်အတည်ပြုဖို့ အထက်လွှတ်တော်၌မဲပေးရာတွင် ၅၄ မဲ- ၄၅ မဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ် ပြီး ဟတ်စ်ပယ်ကို ထောက်ခံမဲပေးရာတွင် ဒီမိုကရက်အမတ်အချို့ပင်ပါ၀င်ကြောင်းသိရသည်။

အသက် ၆၁ နှစ်အရွယ်ရှိ ဟတ်စ်ပယ်သည် ရုရှားရေးရာကျွမ်းကျင်သူတစ်ဦးဖြစ်ကာ သူမ၏သက်တမ်းတစ် လျှောက် လျှို့ဝှက်စွာဆောင်ရွက်ရသော တာဝန်များကိုထမ်းဆောင်ခဲ့ဖူးပြီး ယခုအခါတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခန့်အပ်လိုက်သည့် မိုက်ခ်ပွန်ပေ၏နေရာကို ဆက်ခံတော့ မည်ဖြစ်သည်။

ဟတ်စ်ပယ်သည် လွန်ခဲ့သော ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှုအတွက် သံသယရတရားခံများကို ထိုင်းနိုင်ငံရှိ လျှို့ဝှက်အကျဉ်းထောင်သို့ခေါ်ဆောင်ကာ ရက်စက်ကြမ်းတမ်းသော စစ်ကြောရေးများဝင်ခဲ့မှုအတွက် လွှတ်တော်အမတ်များ၏ ဝေဖန်မှုများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

အယ်လ်ကေးဒါးအဖွဲ့မှ သံသယတရားခံများဖြစ်သော အဘူဇူဘေဒါနှင့် အက်ဘ်အယ်လ်ရာဟင်အယ်နာရှီရီ တို့အား ရေလမ်းကြောင်းမှတဆင့်ခေါ်ဆောင်ပြီး ထိုင်းနိုင်ငံရှိအကျဉ်းထောင်၌ ရက်စက်သောနည်းလမ်းများကို အသုံးပြုပြီး စစ်ကြောရေးဝင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် ဟတ်စ်ပယ်က စီအိုင်အေတာဝန်ရှိသူများအနေဖြင့် ရက်စက်သောနည်းလမ်းများ ကိုအသုံးချပြီး စစ်ကြောရေးဝင်ခြင်းများ ပြုလုပ်တော့မည်မဟုတ်ကြောင်း လွှတ်တော်အမတ်များကို ကတိပေးခဲ့ သလို တရားဥပဒေနှင့်မညီညွတ်သောအရာများကိုလည်း လုပ်ဆောင်ဖို့ငြင်းဆန်သွားမည်ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly