YBS ၉၅ အဲကွန်းဘတ်စ်ယာဉ်လိုင်းဖြင့် ကျောက်တန်း-တာမွေ စတင်ပြေးဆွဲမည်

YBS ၉၅ အဲကွန်းဘတ်စ်ယာဉ်လိုင်းဖြင့် ကျောက်တန်း-တာမွေ စတင်ပြေးဆွဲမည်
(ဓာတ်ပုံ - ရဲအောင်သူ/AFP)

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင် အဲကွန်းပါ YBS ၉၅ ယာဉ်လိုင်းကို မေလမကုန်ခင် လာမည့် ရက်သတ္တပတ်ထဲတွင် စတင်ပြေးဆွဲတော့မည် ဟု ရွှေတောင်ပိုင်းအများပိုင်ယာဉ်လိုင်းကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာ ဦးတင်ထွန်းက မဇ္ဈိမသို့ ပြောသည်။

" YBS ယာဉ်​လိုင်​းနံပါတ်​ ၉၅ နဲ့ အစီး​ရေ ၃၀ စီးစတင်​​ပြေးဆွဲမယ်​။ လမကုန်​ခင် ​​ရှေ့တစ်​ပတ်​ထဲ​ပြေးဆွဲနိုင်​​အောင်​ လုပ်​​ဆောင်​​နေတယ်​။ ယာဉ်​စစ်​​တွေက စစ်​ပြီး စတင်​ဆွဲလို့ရပြီဆိုတာနဲ့ စဆွဲသွားမယ်​။ ယာဉ်​အစီး​ရေ ၃၀ စီးနဲ့စပြီး အစီး​ရေ ၅၀ အထိ တိုးချဲ့​ပြေးဆွဲသွားမယ်​" ဟု  မန်းနေဂျင်းဒါရိုက်တာ ဦးတင်ထွန်းက မေလ ၁၇ ရက်တွင် ပြောသည်။

​ရွှေ​တောင်​ပိုင်​း အများပ်ိုင်​ယာဉ်​လိုင်​းကုမ္ပဏီမှ YBS ၉၅ ယာဉ်လိုင်းကို ဟွန်​ဒိုင်​း အဲယားကွန်​းစီးတီးဘတ်​စ်​ ခရီးသည်​တင်​ယာဉ်​အမျိုးအစား ကား အစီး ၃၀ ဖြင့် ​ကျောက်​တန်​း၊ သာ​ကေတ၊ တာ​မွေ၊ အလုပ်​သမား​ဆေးရုံအထိ ပုံ​သေ ယာဉ်​စီးခ ၂၀၀ ကျပ် သတ်မှတ်ပြေးဆွဲသွားမည်ဖြစ်သည်။

ကျောက်တန်းမှ ရန်ကုန်မြို့တွင်းသို့ မီနီဘတ်စ်ခရီးသည်တင်ယာဉ်များဖြင့် ပြေးဆွဲနေပြီး ကျောက်တန်းနှင့် ရန်ကုန်အကြား အကွာအဝေး ၂၂ မိုင်ခန့် ရှိပြီး ၂ နာရီကြာခန့် ကားစီးရသည့်ခရီးစဉ် ဖြစ်သည်။

ရွှေတောင်ပိုင်း အများပိုင်ယာဉ်လိုင်းကုမ္ပဏီလက်အောက်တွင် ယာဉ်လိုင်းပေါင်း ၁၀လိုင်းပြေးဆွဲနေပြီး YBS ၃၂၊ YBS ၃၃ တို့မှာ ကျောက်တန်းသို့ ပြေးဆွဲနေပြီး YBS ၃၄ မှာ ခရမ်းသုံးခွသို့ ပြေးဆွဲနေသည်။

အဆိုပါယာဉ်လိုင်းသည် ကျောက်တန်းသို့ပြေးဆွဲနေသည့် ကားလိုင်းများအနက် ပထမဆုံး အဲကွန်းပါ ဘတ်စ်ကားလိုင်းသစ်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags