အိန္ဒိယမှာ ခုံးကျော်တံတားပြိုကျမှုကြောင့် လူ ၁၈ ဦး သေဆုံး

အိန္ဒိယမှာ ခုံးကျော်တံတားပြိုကျမှုကြောင့် လူ ၁၈ ဦး သေဆုံး

 

မေ ၁၇ ။                           ။ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ခုံးကျော်တံတားတစ်စင်း ရုတ်တရက် ပြိုကျခဲ့မှုကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဆောက်လုပ်ဆဲ အဆိုပါ ခုံးကျော်တံတား မေလ ၁၅ ရက်က ပြိုကျမှုကြောင့် အောက်တွင် ရှိနေသည့် ယာဉ်များ၊ ခရီးသည်များအပေါ် ကွန်ကရစ်တုံးများ ပိမိသွားခဲ့ကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ နိုင်ငံမြောက်ပိုင်း ဗာရာဏသီမြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ကယ်ဆယ်ရေးသမားများကလည်း အပျက်အစီးများအောက် ပိတ်မိနေသူများကို အမြန်ဆုံးသွားရောက်ကယ်တင်ခဲ့ကြရသည်။

တံတားပြိုကျရသည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ယခုဖြစ်စဉ်မှာ နိုင်ငံတွင် နောက်ဆုံးပေါ်ပေါက်လာခဲ့သည့် လူသေဆုံးစေသော ဆောက်လုပ်ရေးလုပ်ငန်းမတော်တဆမှုတစ်ခုလည်း ဖြစ်လာခဲ့သည်။

ယင်းနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင် အန္တရာယ်ဘေးကင်းရေးဆိုင်ရာ စည်းမျဉ်းတင်းကျပ်မှုပိုင်း အားနည်းနေသကဲ့သို့ အရည်အသွေး မပြည့်မီသည့် ပစ္စည်းများကိုလည်း လုပ်ငန်းခွင်အတွင်း တစ်ခါတစ်ရံ အသုံးပြုနေလျက်ရှိကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly