ဂျပန်ပါလီမန်ရှေ့ တွင်ထောင်ပေါင်းများ စွာသောပြည်သူများ ဥပဒေသစ်ကို ဆန့်ကျင်ဆန္ဒပြ

ဂျပန်ပါလီမန်ရှေ့ တွင်ထောင်ပေါင်းများ စွာသောပြည်သူများ ဥပဒေသစ်ကို ဆန့်ကျင်ဆန္ဒပြ

ဂျပန်စစ်တပ်အား နိုင်ငံရပ်ခြားတွင် တပ်ဖြန့်ချနိုင်ခွင့်ရှိလာမည့် ဥပဒေသစ်အားဆန့်ကျင်သည့် ပြည်သူထောင်ပေါင်းများစွာတို့က ပါလီမန်အပြင်ဖက်တွင် ဆန္ဒပြလျက်ရှိသည်။

အဆိုပါဥပဒေသစ်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံရပ်ခြားတွင် ဂျပန်စစ်တပ်က တိုက်ခိုက်စစ်ဆင်နိုင်ခြင်းကို ခွင့်ပြုပေးမည်ဖြစ်သည်။

ဥပဒေသစ်အား ဂျပန်အောက်လွှတ်တော်တွင် အတည်ပြုပြီးဖြစ်ပြီး အထက်လွှတ်တော်ကလည်း အတည်ပြုဖွယ်ရှိနေသည်။

ဖွဲ့စည်းပုံအရ ဂျပန်နိုင်ငံသည် ကိုယ်ပိုင်ကာကွယ်ရေးကိစ္စရပ်မှ တစ်ပါးချွင်းချက်ထားလျက် ပဋိပက္ခများကို တပ်အင်အားဖြင့် ဖြေရှင်းခြင်းအား တားမြစ်ထားခံရသည်။

ဥပဒေ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့စည်းခွင့်ရှိပြီး တိုက်ပွဲများတွင် မဟာမိတ်များဖက်က ကာကွယ်ရန် တပ်အင်အားသုံးစွဲပိုင်ခွင့်ရှိမည်ဖြစ်သည်။

ယခုဆန္ဒပြပွဲများကို ကျောင်းသားနှင့် လူငယ်များက ဦးဆောင်ခြင်းဖြစ်ပြီး ၎င်းတို့က အခြေခံဖွဲ့စည်းပုံဥပဒေကို ကာကွယ်ရေးအတွက် ဆန္ဒရှိနေကြသည်။

ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ယခုပြုပြင်ပြောင်းလဲမှုများက ဂျပန်နိုင်ငံအား ကာကွယ်ရေးအတွက် လိုအပ်၍ဖြစ်ကြောင်းပြောသော်လည်း မဲကောက်ယူမှုစစ်တမ်းများအရ ဂျပန်ပြည်သူများစွာက ယင်းကို ဆန့်ကျင်သည့် သဘောထားများရှိနေသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly