နေရာအချို့မှလွဲ၍ တစ်နိုင်ငံလုံး မိုးတိမ်တောင်များ ဖြစ်ထွန်းနိုင်ရန်ရှိဟု သတိပေး

နေရာအချို့မှလွဲ၍ တစ်နိုင်ငံလုံး မိုးတိမ်တောင်များ ဖြစ်ထွန်းနိုင်ရန်ရှိဟု သတိပေး

မိုးကြိုးပစ်မှုအန္တရာယ် ဖြစ်စေနိုင်သည့် မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုနှင့်ပတ်သက်ပြီး မေလ ၁၇ ရက်အတွက် ခန့်မှန်းချက်အရ ရခိုင်ပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းအနောက်တောင်ပိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်း တို့တွင် သာယာနိုင်ပြီး၊ ကျန်တစ်ပြည်လုံးတွင် မွန်းလွဲညနေပိုင်းအချိန်အခါများမှာ မိုးတိမ်တာင်များဖြစ်ထွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။ 

မိုးတိမ်တောင်များသည် မွန်းလွဲညနေပိုင်းတို့တွင် ဖြစ်ပေါ်လေ့ရှိပြီး မိုးတိမ်တောင်တိုင်းလိုလိုကလျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊နေရာကွက်မိုးသည်းထန်ခြင်း တို့ ဖြစ်ပေါ်လေ့ရှိသည်။

အားကောင်းသော မိုးတိမ်တောင်ဖြစ်လာပါက အဆိုပါဖြစ်စဉ်များအပြင် မိုးကြိုးပစ်ခြင်း နှင့် မိုးသီးကြွေခြင်းတို့ကိုပါ ပူးတွဲ ဖြစ်ပေါ်စေတတ်သည်။ 

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်မှာ " ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှာ နေရာကျဲကျဲ၊ ကျန်ဒေသတွေမှာ နေရာကွက်ကျား၊ မိုးထစ်ချုန်းရွာပါမယ်" ဟုဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။                                                

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်ခြေမရှိသေးကြောင်း သိရပြီး အနောက်တောင်မုတ်သုံလေဦးသည် တနင်္သာရီတိုင်းအနီးသို့ ၀င်ရောက်လာနိုင်ကြောင်း သိရသည်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများတွင် ချင်းပြည်နယ်(တောင်ပိုင်း)၊ရခိုင်ပြည်နယ် (မြောက်ပိုင်း)  နှင့် တနင်္သာရီတိုင်းဒေသကြီး(တောင်ပိုင်းစွန်း) တို့မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားအဆင့်တွင်ရှိနိုင်ပြီး၊ကျန်ဒေသတွေမှာ လွန်ကဲအဆင့် တွင်ရှိနိုင်ကြောင်း ဒေါက်တာထွန်းလွင် ခန့်မှန်းချက်အရ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly