စပိန်တွင် အသက်မပြည့်သူများအား ပြည့်တန်ဆာအဖြစ် အတင်းအကျပ်စေခိုင်းမှုဖြင့် လူ ၄၀ ကျော်အား ဖမ်းဆီး

စပိန်တွင် အသက်မပြည့်သူများအား ပြည့်တန်ဆာအဖြစ် အတင်းအကျပ်စေခိုင်းမှုဖြင့် လူ ၄၀ ကျော်အား ဖမ်းဆီး

မက်ဒရစ်၊ မေ ၁၆ ။         ။ စပိန်နိုင်ငံတွင် အသက်မပြည့်သေးသော မိန်းကလေးများအား ပြည့်တန်ဆာအဖြစ် အတင်းအကြပ်စေခိုင်းသည့် ရာဇဝတ်ဂိုဏ်းအား ရဲက ဖြိုခွင်းရာတွင် လူ ၄၁ ဦးအား ဖမ်းဆီးရမိသည်။

အမျိုးသားနှင့် မြူနီစီပယ်ရဲတို့ ပူးပေါင်းစစ်ဆင်မှုဖြင့် ယခုဖမ်းဆီးမှုတွင် လူမှောင်ခိုကူးကာ ပြည့်တန်ဆာစေခိုင်းသူများကို ဖမ်းဆီးနိုင်သကဲ့သို့ ပြည့်တန်ဆာစေခိုင်းခံရသူ အသက်မပြည့်သော မိန်းကလေး ၁၂ ဦးအပါအဝင် ၁၄ ဦးအား ကယ်တင်နိုင်ခဲ့သည်။

"စုံစမ်းစစ်ဆေးမှုများအရ အသက်မပြည့်သေးသော မိန်းကလေးများကို ယခုရာဇဝတ်ဂိုဏ်းဝင်များက သားမယားအဖြစ် ရယူခြင်း၊ လိင်အလုပ်သမအဖြစ် စေခိုင်းခြင်းများ"ရှိနေကြောင်း ရဲက ထုတ်ပြန်ပြီး ထိုသို့ ပြည့်တန်ဆာစေခိုင်းခံရသူများကို ကယ်ဆယ်နိုင်ရာတွင် လေးဦးက ဥရောပမှဖြစ်ကြောင်း ဖြည့်စွက်ဆိုသည်။

ဘူဂေးရီးယားမှ ဖြစ်ဖွယ်ရှိသည်ဟု အာဏာပိုင်များ ယုံကြည်ထားသည့် ထိုဖမ်းဆီးရမိသူ ၄၁ ဦးမှာ ဓားပြတိုက်မှုများစွာကိုလည်း ကျုးလွန်ထားသူများဖြစ်ကြောင်း သိရသည်။

အဆိုပါဂိုဏ်းသည် မက်ဒရစ်မြစ်ကမ်းပါးများတွင် လှုပ်ရှားဆောင်ရွက်နေကြခြင်းဖြစ်ပြီး အိမ်ခန်းများတွင် လိင်အလုပ်စေခိုင်းထားသော မိန်းကလေးများကို လူပြည့်ကျပ်သည့် အနေအထားမျိုးဖြင့် ထားရှိစေခိုင်းနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly