အင်ဒိုနီးရှားမှာ အကြမ်းဖက်တိုက်ခိုက်မှု ထပ်ဖြစ်ပြန်

အင်ဒိုနီးရှားမှာ အကြမ်းဖက်တိုက်ခိုက်မှု ထပ်ဖြစ်ပြန်

မေ ၁၆ ။            ။ ပြီးခဲ့သည့် ရက်ပိုင်းက အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်များ ကြံုတွေ့ထားခဲ့ရသည့် အင်ဒိုနီးရှားတွင် ယခုတစ်ခါ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ် ထပ်မံပေါ်ပေါက်ခဲ့ပြန်သည်ဟု သိရသည်။

မေလ ၁၆ ရက်က အင်ဒို ရဲစခန်းတစ်ခုကို အမျိုးသားလေးဦးက ဆာမူရိုင်းဓားများဖြင့် လာရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတိုက်ခိုက်သူ လေးဦးစလုံးကို တာဝန်ရှိသူများက ပစ်ခတ်ရှင်းလင်းလိုက်ရသည်ဟု သိရသည်။

ယင်းတိုက်ခိုက်မှုဖြစ်စဉ်တွင် ရဲဝန်ထမ်းတစ်ဦး သေဆုံးသွားကြောင်း အာဏာပိုင်များက လက်တလော ထုတ်ပြန်ထားသည်။

အိုင်အက်စ်အကြမ်းဖက်အုပ်စု၏ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်များက နိုင်ငံကို တုန်လှုပ်ထားစေခဲ့ပြီးနောက် ယခုတစ်ကြိမ် တိုက်ခိုက်မှုတစ်ရပ် ထပ်မံပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် တိုက်ခိုက်မှုဖြစ်စဉ်သည် ဆူမားတြားကျွန်းရှိ Pekanbaru မြို့တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်သူ အမျိုးသားလေးဦးက ဗင်ကားတစ်စီးဖြင့် ရဲစခန်းတွင်းသို့ မောင်းဝင်လာပြီး ဓားများဖြင့် ရဲဝန်ထမ်းများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ယခုတစ်ကြိမ် ရဲစခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်သည် အစောပိုင်းရက်များက ပေါ်ပေါက်ထားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ဆက်စပ်မှု ရှိနေသလား ရှင်းရှင်းလင်းလင်း မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly