တူရကီမှာ ကျင်းပတဲ့ ကျာပွတ်ရိုက်ပွဲ

တူရကီမှာ ကျင်းပတဲ့ ကျာပွတ်ရိုက်ပွဲ

မေ ၁၆ ။          ။ တူရကီနိုင်ငံ Diyarbakir မြို့မှာတော့ ထူးခြားတဲ့ ရိုးရာအစဉ်အလာ ကျာပွတ်ရိုက်ပွဲတစ်ခုကို အစဉ်အလာမပျက် ကျင်းပလေ့ရှိပါတယ်။

ယခုနှစ်မှာ ကျင်းပတဲ့ အဆိုပါ ကျာပွတ်ရိုက်ပွဲမှာတော့ အားကောင်းမောင်းသန် ကာ့ဒ် လူငယ်တွေ ပါ၀င်ယှဉ်ပြိုင်အားစမ်းခဲ့ကြပါတယ်။ ပြိုင်ပွဲ ပုံစံကတော့ လူငယ် တစ်ယောက်နဲ့ တစ်ယောက်အကြား ကျာပွတ်နဲ့ အပြန်အလှန် ရိုက်နှက်တိုက်ခိုက်ကြတာဖြစ်ပါတယ်။

Diyarbakir မြို့အနီးအနား ကျေးရွာအသီးသီးကနေ လာကြတဲ့ လူငယ်တွေဟာ ၎င်းတို့တွေရဲ့ ရဲစွမ်းသတ္ထိကို ထုတ်ပြဖို့အတွက် ယင်းပြိုင်ပွဲမှာ လာရောက်ပါ၀င်ယှဉ်ပြိုင်ကြပါတယ်။

၎င်း ကာ့ဒ်လူငယ်တွေဟာ တိုက်ခိုက်ရာမှာ ကြိုးအလုံးထူထူတွေကို အသုံးပြုကြပြီး အသည်းအသန် ရိုက်ပုတ်ကြရင်းနဲ့ ပြိုင်ပွဲပြီးချိန်မှာတော့ ၎င်းတို့တွေရဲ့ ခန္ဓာကိုယ် အရေပြားတွေမှာ အမာရွတ်တွေ ထင်ကျန်ရစ်ခဲ့ပါတော့တယ်။

" ဒါက ရိုးရာပွဲတစ်ခုပါ၊ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက်အကြား ရိုက်နှက်ကြတယ်၊ ပြီးတော့ အတူတူ စုပေါင်းပြီး စားကြသောက်ကြပါတယ်၊ ဒီလိုလုပ်ရလို့ ကျွန်တော်တို့ ပျော်ရပါတယ်၊ ဒါ အစဉ်အလာပဲလေ" ဆိုပြီး ပြိုင်ပွဲဝင် ကာ့ဒ် လူငယ်တစ်ဦးက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags