ဖိလစ်ပိုင်တွင် တရားသူကြီးချုပ်အား ရာထူးက ဖယ်ရှား၍ ရှေ့နေများ ဆန္ဒပြ

ဖိလစ်ပိုင်တွင် တရားသူကြီးချုပ်အား ရာထူးက ဖယ်ရှား၍ ရှေ့နေများ ဆန္ဒပြ

မနီလာ၊ မေ ၁၅ ။             ။ ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတ ဒူတာတေး၏ မူးယစ်နှိမ်နင်းရေးစစ်ပွဲအား ဝေဖန်ထိုးနှက်သည့် တရားသူကြီးချုပ်ကို  ရာထူးမှ ဖယ်ရှားသည့် ဆုံးဖြတ်ချက်ကြောင့် ရှေ့နေများက ဆန္ဒပြကြသည်။

အထူးတရားရုံးချုပ် တရားသူကြီးချုပ် မာရီယာလော်ဒီဆီရီနိုကို ရာထူးက ဖယ်ရှားသည့် ဆုံးဖြတ်မဲအား ယင်းတရားရုံးချုပ်တွင် မေ ၁၁ ရက်က အတည်ပြုမဲပေးခဲ့ခြင်း ဖြစ်သည်။

ဒူတာတေးအား ဆန့်ကျင််သည့် အမျိုးသမီးတစ်ဦးလည်း ဖြစ်သူ ဆီရီနိုက ယင်းဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အယူခံဝင်သွားမည်ဖြစ်ကြောင်း ၎င်း၏ ပြောခွင့်ရသူက မေ ၁၂ ရက်က ပြောသည်။

“သူက အယူခံလွွှှာ တင်သွားမှာ ဖြစ်ပါတယ်။”ဟု ပြောခွင့်ရသူ ကားလို့စ်ခရုဇ်က အေအက်ဖ်ပီသို့ ပြောသော်လည်း  အသေးစိတ်ကို ပြောဆိုခြင်း မရှိပေ။

မူးယစ်စစ်ပွဲတွင် အာဏာအလွဲသုံးစားလုပ်သည်ဟု ဒူတာတေးအား ဆီရီနိုက စွပ်စွဲပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦးကြား ထိပ်တိုက်တွေ့နေခြင်း ဖြစ်သည်။

ဆီရီနိုအား ရန်သူပဲဟု ဒူတာတေးက ခေါ်လျက် တရားရုံးချုပ်က ၎င်းကို ဖယ်ရှားရန် ပြောင်တိုက်တွန်းပြောဆိုထားခြင်းလည်း ဖြစ်သည်။

ဆီရီနိုသည် ရာထူးနှင့် မထိုက်တန်ဟုဆိုကာ ၎င်းအား ရာထူးမှ နုတ်ပယ်ခြင်းကို ဒူတာတေး ခန့်အပ်ထားသည့် အစိုးရရှေ့နေချုပ်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly