ပရိသတ်တွေကို Surprise လို့ဆိုတဲ့ နန့်ချစ်နဒီဇော်

ပရိသတ်တွေကို Surprise လို့ဆိုတဲ့ နန့်ချစ်နဒီဇော်

မေလ ၁၅ ။            ။ တေးသံရှင် နန့်ချစ်နဒီဇော်ဟာ သူရဲ ့ ပထမဆုံးတေးစီးရီးဖြစ်တဲ့ Surprise ဆိုတဲ့အခွေကို မေလ ၁၅ ရက်နေ့၊မနက်ပိုင်းက ရန်ကုန်မြို့၊ အင်းယားလမ်းရှိThe Gallery Cafe မှာ စတင်မိတ်ဆက်လိုက်ပါတယ်။

သူ့ရဲ့Surprise ဆိုတဲ့တေးစီးရီးအခွေထဲမှာတော့ သီချင်းအပုဒ်ရေ ၁၃ ပုဒ်သီဆိုထားပြီး သီချင်းအသစ် ၁၂ပုဒ်နဲ့ Bonus သီချင်း ၁ ပုဒ် ပါ၀င်ပါတယ်။

" Surprise က ခုခေတ်မှာ အရမ်းခေတ်စားတာ၊ Surprise လုပ်ကြတယ်ဆိုတာ Facebook မှာလည်း အရမ်းခေတ်စားကြတယ်၊ နန့်ချစ်ကိုယ်တိုင်လည်း Surprise လုပ်တာမျိုး ကြိုက်ပါတယ်။ ကိုယ်တိုင် လုပ်ရတာလည်း ကြိုက်တယ်၊ Surprise လုပ်ခံရတာလည်း ကြိုက်တယ်။ အဲ့တော့ ဒီခေါင်းစဉ်လေးကို ဆိုချင်တယ်ဆိုပြီး ကိုဆလိုင်းနဲ့ သွားတိုင်ပင်တယ်၊ ကိုဆလိုင်းကလည်း နန့်ချစ် လိုချင်တဲ့ အကြောင်းအရာ လေးကို တကယ့်ကို ကွက်တိဖြစ်အောင် ရေးပေးပါတယ်၊ Surprise ဆိုတာကတော့ ထူးထူးခြားခြားလေး ဖြစ်သွားအောင် ပရိသတ်တွေကို Surprise လုပ်ချင်တဲ့အတွက် Surprise ဆိုပြီးတော့မှ ပေးဖြစ်သွားတာပါ " လို့ ပြောပါတယ်။

၄ နှစ်နီးပါး အချိန်ယူပြင်ဆင်ထားတယ်ဆိုတဲ့ နန့်ချစ်နဒီဇော်ရဲ့ Surprise ဆိုတဲ့ အခွေထဲမှာတော့ Featuring အနေနဲ့ စောအယ်ဆေးမူး နဲ့ နန့်ချစ်ဝတီဇော် တို့က ပါ၀င်သီဆိုပေးထားပါတယ်။

နန့်ချစ်နဒီဇော်ရဲ့ Surprise သီချင်းခွေနြ့ပတ်သက်ပြီး တေးသံရှင် ဟန်ထူးစျာန်က " အစ်ကိုကတော့ အမှန်အတိုင်းပြောရရင် နန့်ချစ်က တကယ့်ကိုကြိုးစားတဲ့ ညီမလေးတစ်ယောက်ပါ၊ ပြီးတော့ အစ်ကို သူရဲ့ သီချင်းခွေကို အားရတဲ့အချိန်မှာ ဒီပွဲကို တက်ချင်သွားတယ်၊သူလည်း ဖိတ်တာနဲ့ တက်ဖြစ်သွားတာပါ။ ဒီအထဲမှာဆိုရင် ရှိုးပွဲမှာဆိုလည်း ပရိသတ်ကြိုက်တဲ့သီချင်းတွေ ပါတယ်၊ သူကိုယ်တိုင်ကလည်း
အသံပိုင်းဆိုင်ရာကို တော်တော်ကြိုးစားထားတာပါ၊ အဲ့ဒါကြောင့် အစ်ကိုလာပြီးတော့ Congratulation လုပ်တာပါ " လို့ ပြောပါတယ်။

အဆိုတော် နန့်ချစ်နဒီဇော်ရဲ့ Surprise ဆိုတဲ့အခွေကို လာမဲ့ မေလ ၁၈ ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး မေလ ၂၀ ရက်နေ့မှာတော့ လှည်းတန်းစင်တာမှာ လက်မှတ်ရေးထိုးပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags