မလေးရှားဝန်ကြီးချုပ်အဖြစ် အများဆုံး ၂ နှစ်အထိသာ တာဝန်ယူမည်ဟု မဟာသီယာ ပြော

မလေးရှားဝန်ကြီးချုပ်အဖြစ် အများဆုံး ၂ နှစ်အထိသာ တာဝန်ယူမည်ဟု မဟာသီယာ ပြော

မေ ၁၅ ။            ။ မလေးရှားခေါင်းဆောင်သစ် ဖြစ်လာသည့် အသက် ၉၂ နှစ်ရှိ မဟာသီယာ မိုဟာမက်က ၎င်းအနေဖြင့် နိုင်ငံ၏ ၀န်ကြီးချုပ်အဖြစ် အများဆုံး  နှစ်နှစ်အထိသာ ဆက်ရှိနေမည်ဟု မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောသွားသည်။

တစ်ချိန်တည်းမှာပင် အဂတိလိုက်စားမှု စွဲချက်များဖြင့် လုံးပန်းနေရသည့် ၀န်ကြီးချုပ်ဟောင်း နာဂျစ် ပြစ်ဒဏ်ရှောင်လွဲသွားနိုင်ရေးအတွက် မည်သည့် အပေးအယူသဘောတူညီချက်မျိုးမှ ရယူထားခြင်းမရှိကြောင်း မဟာသီယာက ပြောသွားသည်။

၎င်းအနေဖြင့် နိုင်ငံတွင် အာဏာကို အများဆုံး တစ်နှစ်ကနေ နှစ်နှစ်အထိသာ ရယူထားမည်ဖြစ်ကြောင်း မဟာသီယာက Wall Street ဂျာနယ်သို့ ပြောကြားသွားသည်။

ယင်းနောက်ပိုင်း အတိုက်အခံ ခေါင်းဆောင်ဟောင်း အန်ဝါ အီဘရာဟင်အား အာဏာလွှဲပြောင်းပေးသွားမည်ဟု မျှော်လင့်ရသည်။

အကျဉ်းကျနေသည့် မလေးရှားအတိုက်အခံခေါင်းဆောင် အီဘရာဟင်မှာလည်း မေလ ၁၆ ရက်တွင် ပြန်လည်လွတ်မြောက်လာတော့မည်ဟု ယုံကြည်ရသည်။

နိုင်ငံကို ၁၉၈၁ ခုနှစ်မှ ၂၀၀၃ အထိ အုပ်ချုပ်ခဲ့ဖူးသည့် မဟာသီယာမှာ ပြီးခဲ့တဲ့သီတင်းပတ်ရွေးကောက်ပွဲတွင် မျှော်လင့်မထားဘဲ အနိုင်ရခဲ့ခြင်းကြောင့် ခြစားမှုအရှုပ်တော်ပုံနှင့် လုံးပန်းနေရသည့် ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို ပြုတ်ကျသွားစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags