ဂါဇာနယ်စပ် အဓိကရုဏ်းများနှင့်စပ်လျင်း၍ ဟားမက်အဖွဲ့အား အမေရိကန်ပြစ်တင်

ဂါဇာနယ်စပ် အဓိကရုဏ်းများနှင့်စပ်လျင်း၍ ဟားမက်အဖွဲ့အား အမေရိကန်ပြစ်တင်

မေ ၁၅ ။         ။ ဂျေရုဆလင်မြို့သို့ သံရုံးပြောင်းရွှေ့ဖွင့်လှစ်သည့်နေ့မှာပင် ပေါ်ပေါက်လာခဲ့သည့် အစ္စရေး-ပါလက်စတိုင်း အဓိကရုဏ်းများ ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ ယခုအခါ အစ္စလမ္မစ် အယူဝါဒီ ဟားမက်အဖွဲ့အပေါ် အိမ်ဖြူတော်က တိုက်ရိုက်ဝေဖန်ပြစ်တင်လိုက်သည်။

ဂါဇာ-အစ္စရေးနယ်စပ်တစ်လျှောက် ဆန္ဒပြကန့်ကွက်မှုများကနေတဆင့် အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဂါဇာ-အစ္စရေးနယ်စပ် အဓိကရုဏ်းများအတွင်း အစ္စရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၅၈ ဦးထက်မနည်း သေဆုံးခဲ့ရပြီး လူပေါင်း ၂,၄၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာရရှိသွားသည်။

ယခုအခါ အဆိုပါ ဂါဇာကမ်းမြှောင်ဒေသ လူအမြောက်အမြားသေဆုံးမှုနှင့်စပ်လျင်း၍ အမေရိကန်ဘက်က ဟားမက်အဖွဲ့အပေါ် တိုက်ရိုက်အပြစ်ဖို့သွားခဲ့သည်။

ယင်းနေ့က သေဆုံးသူများထဲတွင် အသက် ၁၆ နှစ်အောက် ကလေးငယ် ရှစ်ဦးလည်း ပါ၀င်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းသံအမတ်က ပြောသည်။

ဆက်လက်၍ ယနေ့ မေလ ၁၅ ရက်တွင်လည်း ပါလက်စတိုင်း နယ်မြေများအတွင်း နောက်ထပ် ဆန္ဒပြမှုများ ထပ်မံပေါ်ပေါက်လာဖွယ် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly