အိန္ဒိယတွင် သူနာပြုစာမေးပွဲ ၀င်ဖြေမည့် အမျိုးသမီးများကို စာမခိုးချအောင် အင်္ကျီလက်များ ဖြတ်ညှပ်ခံရ

အိန္ဒိယတွင် သူနာပြုစာမေးပွဲ ၀င်ဖြေမည့် အမျိုးသမီးများကို စာမခိုးချအောင် အင်္ကျီလက်များ ဖြတ်ညှပ်ခံရ

နယူးဒေလီ၊ မေ ၁၅ ။              ။ အိန္ဒိယနိုင်ငံတွင် သူနာပြုစာမေးပွဲဖြေမည့် အမျိုးသမီးများကို စာမခိုးချအောင် အင်္ကျီလက်များ ဖြတ်ညှပ်သည့် ကောလိပ်ကျောင်းအား စာမေးပွဲစစ်ဆေးခွင့် ပိတ်ပင်လိုက်ကြောင်း တာဝန်ရှိသူများက ပြောသည်။

India TV တွင် ထုတ်လွှင့်ပြသသည့် ဗီဒီယို၌ အဆိုပါ ကောလိပ်ကျောင်းက မေ ၁၃ ရက် စာမေးပွဲတွင် ၀န်ထမ်းများက အမျိုးသမီးများ စာမေးပွဲခန်းသို့ မဝင်မီ အင်္ကျီလက်များကို ကတ်ကြေးများ၊ ဘလိတ်ဓားများဖြင့် ဖြတ်ညှပ်ပစ်သည်ကို မြင်တွေ့ရသည်။

ဘီဟာပြည်နယ် မူဇက်ဖ်ဖာပူရ်ခရိုင် အဆိုပါ ကောလိပ်ကျောင်းတွင် ရဲဒါဇင်များစွာ အပြင်က စောင့်ကြပ်နေသည့် စာမေးပွဲခန်းအတွင်း အင်္ကျီလက် ဖြတ်စများ ကိုင်လျက် အမျိုးသမီးများ ၀င်ရောက်ကာ စာမေးပွဲဖြေသည်ကို မြင်တွေ့ရသည်။

ထိုလုပ်ဆောင်မှုကြောင့် အခြားသော စာမေးပွဲစစ်စင်တာများရှေ့တွင် ဆန္ဒပြခြင်းများ ရှိခဲ့ပြီး လူမှုမီဒီယာတွင်လည်း အပြစ်ဆိုရေးသားကြသည်။

ထိုသို့ စိတ်ဆိုးဒေါသထွက်မှုများ ရင်ဆိုင်လာရချိန်တွင် ခရိုင်ပညာရေးတာဝန်ရှိသူ လာလန်ပရာဆတ်က “ဒီကောလိပ်ကျောင်းကို စာမေးပွဲစစ်ခွင့် ပိတ်လိုက်ပါပြီ။”ဟု သတင်းထောက်များအား ပြောသည်။

ဖေဖော်ဝါရီလအတွင်းက စာမေးပွဲများတွင်  စာခိုးချခြင်းကြောင့် ဘီဟာပြည်နယ်အစိုးရက ကျောင်းသားကျောင်းသူပေါင်း ၁၀၀၀ နီးပါးကို ဖြေဆိုခွင့်ပိတ်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly