ဒေါ့မွန်နည်းပြဟောင်းတူချယ်ကို နှစ်နှစ်စာချုပ်ဖြင့် ပီအက်စ်ဂျီအသင်းခန့်အပ်

ဒေါ့မွန်နည်းပြဟောင်းတူချယ်ကို နှစ်နှစ်စာချုပ်ဖြင့် ပီအက်စ်ဂျီအသင်းခန့်အပ်

မေ ၁၅၊ ပဲရစ်။                      ။ သောမတ်တူချယ်သည် ပြင်သစ်လိဂ် ၁ ချန်ပီယံ ပီအက်စ်ဂျီအသင်းနည်းပြအဖြစ် အူနိုင်း အမ်မရီ၏ နေရာတွင် အစားထိုး ခန့်အပ်ခံရသည်။

၂၀၁၇ နွေရာသီတွင် ဒေါ့မွန်အသင်းမှထွက်ခွာခဲ့ကတည်းက အသင်းလက်မဲ့နေသည့် တူချယ်သည် ဥရောပအသင်းများစွာက အလိုရှိနေသည့် နည်းပြများထဲ တစ်ဦးပါဝင်သူဖြစ်သည်။

သို့သော် အသက် ၄၄ နှစ်အရွယ် ဂျာမန်နည်းပြသည် ပီအက်စ်ဂျီအသင်းနှင့် နှစ်နှစ်စာချုပ်လိုက်ပြီး အဓိကရည်မှန်းချက် ဝန်ထုပ်ဝန်ပိုးမှာ ချန်ပီယံလိဂ်ဖလားရယူပေးရေး ဖြစ်နိုင်ဖွယ်ရှိသည်။

ပီအက်စ်ဂျီအသင်းမှ ထုတ်ပြန်သည့်ကြေညာချက်တွင် တူချယ်သည် တိုက်စစ်ကစားဟန်အသားပေးသူ၊ နည်းစနစ်ကြွယ်ဝသူ ဖြစ်ပြီး အသင်းဟောင်းဒေါ့မွန်သည် ၎င်း၏နည်းစနစ်များဖြင့် စုစည်းမှု၊ ဖန်တီးမှု၊ နိုင်လိုစိတ်ပြင်းပြထက်သန်မှုတို့ ပြသနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

အမ်မရီ၏ နှစ်နှစ်တာ ပီအက်စ်ဂျီနည်းပြဘဝမှာ စနေနေ့က ကစားခဲ့သော လိဂ်နောက်ဆုံးပွဲ ကိန်း နှင့်ပွဲတွင် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

ပီအက်စ်ဂျီနည်းပြဖြစ််လာပြီးနောက် တူချယ်က “ပျော်ရွှင်မှု၊ ဂုဏ်ယူမှု၊ ရည်မှန်းချက် တို့နဲ့အတူ ထိပ်တန်းအသင်း ပီအက်စ်ဂျီကို ရောက်လာခဲ့တာပါ။

ကမ္ဘာ့အကောင်းဆုံးတွေထဲမှာပါဝင်တဲ့ ထိပ်တန်းကစားသမားတွေနဲ့ လက်တွဲလုပ်ဆောင်သွားမယ်။ ကျွန်တော့်နည်းပြအဖွဲ့နဲ့ အတူ အသင်းကို နိုင်ငံတကာအဆင့်မှာ အောင်မြင်မှုရဖို့ အားထုတ်သွားမယ်” ဟု ပြောသည်။

Ref; Daily Mail

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly