အီတလီလက်ရွေးစင်အသင်းနည်းပြအဖြစ် မန်ချီနီခန့်အပ်ခံရ

အီတလီလက်ရွေးစင်အသင်းနည်းပြအဖြစ် မန်ချီနီခန့်အပ်ခံရ

မေ ၁၅၊ အီတလီ။             ။ ရောဘတ်တို မန်ချီနီသည် အီတလီလက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ခံရသည်။ မန်စီးတီးနည်းပြဟောင်းအနေဖြင့် လာမည့်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့သော ဗန်တူရာ၏နေရာတွင် အစားထိုးခန့်အပ်ခံရခြင်း ဖြစ်သည်။

မန်ချီနီသည် မကြာသေးမီကမှ ရုရှကလပ် ဇင်းနစ် စိန့်ပီတာစ်ဘတ်ကို ကိုင်တွယ်ခဲ့သော်လည်း တနင်္ဂနွေက စာချုပ်ဖျက်သိမ်း ခဲ့သည်။

အသက် ၅၃ နှစ်အရွယ်နည်းပြသည် မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်နှင့် အက်ဖ်အေဖလားရရှိဖူးသူဖြစ်သည်။ ယင်း မတိုင်မီက အင်တာမီလန်ကို စီးရီးအေဖလားသုံးနှစ်ဆက်ရရှိအောင် စွမ်းဆောင်ပေးခဲ့ဖူးပြီး ဖီအိုရင်တီးနား၊ လာဇီယိုတို့နှင့် ကိုပါအီတာလီယာဖလားရဖူးသည်။

အီတလီလက်ရွေးစင်အသင်းသည် ပလေးအော့ဖ်တွင် ဆွီဒင်အသင်းကိုရှုံးသဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျရှုံးခဲ့ရသည်။ မန်ချီနီ အနေဖြင့် အီတလီနည်းပြရာထူးကိုရရှိရန် လစာ ပေါင် ၁၁ ဒသမ ၅ သန်း လျှော့ယူခဲ့ရသည်။

တစ်နှစ်ယူရို ၂ သန်းဖြင့် ယူရို ၂၀၂၀ ပြိုင်ပွဲကာလအထိစာချုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ဇွန်ထိ နှစ်နှစ် စာချုပ်သက်တမ်းတိုးခွင့်လည်း ပါဝင်သည်။

အီတလီအသင်းနှင့်ယင်းသို့စာချုပ်နိုင်ရန်အတွက် မန်ချီနီမှာ ယူရို ၁၃ သန်းတန်ကြေးရှိသည့် ဇင်းနစ်နှင့် လက်ကျန်နှစ်နှစ် စာချုပ်ကို ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။ အီတလီနှင့်ပထမဆုံးပွဲဦးထွက်မှာ မေ ၂၈ တွင် ယူအေအီးနှင့်ကစားမည့်ပွဲဖြစ်သည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly