ပရိသတ် ၁၀၀, ၀၀၀ လောက်ရဲ့ရှေ့မှာ ပရီးမီးယားလိဂ်ဆုဖလားကို လှည့်လည်အောင်ပွဲခဲ့တဲ့ မန်စီးတီး

ပရိသတ် ၁၀၀, ၀၀၀ လောက်ရဲ့ရှေ့မှာ ပရီးမီးယားလိဂ်ဆုဖလားကို လှည့်လည်အောင်ပွဲခဲ့တဲ့ မန်စီးတီး

 

မေ ၁၅၊ မန်ချက်စတာ။          ။ မန်စီးတီးအသင်းဟာ တနင်္လာနေ့က အင်္ဂလိပ်ပရီးမီးယားလိဂ်ဆုဖလားကို လှည့်လည်ပြသအောင်ပွဲခံခဲ့ရာမှာ နွေးထွေးတဲ့ နေရောင်အောက်က လမ်းတွေပေါ်မှာ ဂုဏ်ပြုချီးကျူးကြတဲ့ မန်စီးတီးပရိသတ် ၁၀၀, ၀၀၀ လောက်နဲ့ ပြည့်နှက်သွားခဲ့ပါတယ်။

အောင်ပွဲရအသင်းသားတွေနဲ့ နည်းပြဂွာဒီယိုလာတို့ဟာ စံချိန်များစွာချိုးဖျက်ပြီး သမိုင်းတွင်ခဲ့တဲ့ ဘောလုံးရာသီအတွက် အောင်ပွဲခံတဲ့အနေနဲ့ အမိုုးဖွင့်ကားနဲ့ လမ်းမတွေပေါ်လှည့်လည်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင်တီးနားအသင်းလူစာရင်းမှာ ပါဝင်နိုင်ဖို့ကြိုးစားနေပြီး နေရပ်ပြန်ကာ ဒူးဒဏ်ရာကုနေတဲ့ ဂိုးသွင်းစံချိန်ရှင် အဂူရိုနဲ့ စပိန်ကိုပြန်သွားတဲ့ ဒေးဗစ်ဆေးလ်ဗားတို့နှစ်ဦးသာ လှည့်လည်ပွဲကို ပျက်ကွက်ခဲ့ပါတယ်။

မန်စီးတီးဟာ ပထမဆုံး အမှတ် ၁၀၀ ရတဲ့ အင်္ဂလိပ်အဆင့်မြင့်တန်းအသင်းဖြစ်ခဲ့သလို သွင်းဂိုး ၁၀၆ ဂိ်ုးကလည်း စံချိန်တင် အရေအတွက်ဖြစ်ပါတယ်။

ဒါ့အပြင် အဆင့် ၂ နေရာက မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ၁၉ မှတ် ဖြတ်နိုင်ခဲ့တာကလည်း စံချိန်တင် အမှတ်ကွာဟမှု ဖြစ်စေခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ကီဗင်ဒီဘရိုင်းက “ကျွန်တော်တို့နဲ့ ပူးပေါင်းချင်နေတဲ့ ပရိသတ်တွေနဲ့ ပါတီပွဲကြီးကိုကြည့်ရတာ တကယ့်အံ့မခန်းပါပဲ။

ဒီရာသီက မယုံနိုင်စရာကောင်းလောက်အောင်ပဲဖြစ်ပြီး မနေ့တုန်းက နောက်ဆုံးစက္ကန့်ကျမှ အမှတ် ၁၀၀ ရအောင် စွမ်းဆောင် နိုင်ခဲ့တာက မယုံနိုင်စရာပါ”လို့ ပြောဆိုခဲ့ပါတယ်။

ဆုဖလားလှည့်လည်ပွဲဟာ ကစားသမားတွေ စင်ပေါ်တက်ပြီး နှုတ်ဆက်စကားပြောပြီး အဆုံးသတ်ခဲ့ပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာက လက်ရှိအချိန်ဟာ ပျော်ရမယ့်အချိန်ဖြစ်ပြီး လာမယ့်ရာသီအကြောင်းပြောရမယ့်အချိန်မဟုတ်သေးဘူးလို့ ဆိုခဲ့ပါတယ်။

လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲကို သောက်စရာတစ်ခုခုနဲ့ ဆိုဖာပေါ်မှာ ဇိမ်ကျကျထိုင်ပြီးကြည့်ရင်း အောင်မြင်မှုတွေကို အရသာခံရမှာပါလို့လည်း ပြောဆိုခဲ့ပါတယ်။

Ref; AFP

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly